ယနေ့ နိုဝင်ဘာ(၂)ရက်နေ့ဟာ နာရေးကူညီမှုအသင်း ဥက္ကဌ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဦးကျော်သူရဲ့ မွေးနေ့ရက်လေးဖြစ်ပါတယ်..။ ဦးကျော်သူကို (၁၉၅၉)ခုနှစ် နိုဝင်ဘာ(၂)ရက် တနင်္လာနေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး အဓိပတိဘွား ဖြစ်တယ်လို့လည်း သိရပါတယ်.။ ဒီနေ့မွေးနေ့မှာတော့ အသက်(၅၈)နှစ်ပြည့် မွေးနေ့ရက်လေး ဖြစ်ပါတယ်..။ ဦးကျော်သူက မွေးနေ့ရက်လေးကိုတော့ နာရေးကူညီမှု အသင်းသားများနှင့်အတူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

မွေးနေ့အလှူအဖြစ် နာကူ(ရန်ကုန်)ကထိန်သင်္ကန်းကပ်လှူပွဲနှင့်အတူ မွေးနေ့အလှူငွေအဖြစ် အလှူငွေ(၂၀၀၀၀၀)ကျပ်ကို ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။ “တိုက်တိုင်ဆိုင်ဆိုင် မွေးနေ့ရက်နှင့်နာကူ(ရန်ကုန်)ကထိန်သက္င်္ကန်းကပ်လှူပွဲ.. ကိတ်ခွဲ

ဘုရားကပ်၊ ခွဲဝေကြွေး၊ မဲနိုက်၊ T shirt (US MADE) လက်ဆောင်ပေးလှူ

ပီတိဖြစ် မွေးနေ့ကုသိုလ်ပြု..” လို့လည်း အစီစဉ်လေးကို ပြောပြထားပါတယ်..။ မွေးနေ့ပွဲကိုလည်း နာရေးကူညီမှု(ရန်ကုန်)မှ အသင်းသားတွေက မွေးနေ့ Surprise ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်..။ မွေးနေ့ကိတ်ကိုလည်း ဦးကျော်သူရဲ့ ပုံနှင့်အတူ HAPPY BIRTHDAY U MG ဆိုတဲ့ စာကိုထည့်သွင်း ပြုလုပ်ထားတာ ဖြစ်ပါတယ်..။

မထင်ထားတဲ့အတွက် Surprise ဖြစ်ခဲ့ရပြီး အရမ်းကို ပျော်ရွှင်ခဲ့ရတယ်လို့ ဦးကျော်သူက ဆိုပါတယ်..။ “မထင်မှတ်ဘဲလျှပ်တစ်ပြက်အံ့သြဝမ်းသာရအောင် စီစဉ်ပေးကြသောပရဟိတဝန်ထမ်းများအားကျေးဇူးကမ္ဘာ” လို့လည်း ကျေးဇူးတင်စကားများလည်း ပြောထားပါတယ်..။ ဦးကျော်သူဟာ ဝါရင့်သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသားကြီးတစ်လက်ဖြစ်ပြီး ပရဟိတအလုပ်မှာလည်း ပြည်သူအများ ချစ်ခင်လေးစားရတဲ့ ပရဟိတသမားတစ်ယောက်လည်း ဖြစ်ပါတယ်..။ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနည်းပါးနေပေမယ့်လည်း ပညာပေးဇာတ်ကားများနှင့် ပရိသတ်တွေအတွက် Massage တစ်ခုခု ကျန်ခဲ့စေမယ့် ဇာတ်ကားမျိုးတွေကို ရိုက်ကူးနေတာ တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။