ပြည်သူ့အချစ်တော်မင်းသမီးခိုင်သင်းကြည်တစ်ယောက် ရွှေနန်းတော်ရတနာဆိုင်သစ်ဖွင့်ပွဲ မှာ မိတ်ကပ်ရောင်ချိတ်ဝမ်းဆက်လေးနဲ့အရမ်းကိုလှနေခဲ့ပါတယ်။ အင်္ကျ ီလက်ပုံစံကို အထပ်သဖွယ် ပုံအဆန်းလေးလုပ်ခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက်မတူအောင်ဖန်တီးထားပါတယ်။ ရိုးရှင်းတဲ့ရတနာ အစီအခြယ်လေးတွေနဲ့ လှပတဲ့ဝတ်စုံလေးကို သူမဝတ်ဆင်ထားတာကို မြင်ရတာ တကယ့်ကိုပဲ ကျက်သရေရှိရှိ လှပနေပါတယ်။

အသက်လေးဆယ်ကျော်အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အသက်နှစ်ဆယ်ကျော်အ ရွယ်လောက်ပဲ ထင်မှတ်ရလောက်အောင်နုပျိုလွန်းသူဖြစ်ပါတယ်။ ရွှေနန်းတော်ပွဲကိုတက် ရောက်လာတာမှာ သမီးဖြစ်သူ ထိပ်ထိပ်လေးမပါပဲ တစ်ဦးတည်း တက်ရောက်လာတာပဲ ဖြစ်ပါတယ်။ နေပြည်တော်မှာကျင်းပနေတဲ့ ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ဖွင့်ပွဲကို အနု ပညာရှင်တော်တော်များများ တက်ရောက်ခဲ့ကြတာဖြစ်ပြီး ခိုင်သင်းကြည်ကလဲတစ်ဦး အပါ အဝင်ဖြစ်ခဲ့ပါတယ်။

အားလုံးကအပြိုင်အဆိုင်လှနေတဲ့ကြားထဲမှာ သူမရဲ့အလှကလည်း ပေါ်လွင်ထင်ရှားလို့ နေပါတယ်။ မိတ်ကပ်ရောင်ချိတ်လုံချည် အင်္ကျ ီလက်ပုံစံအဆန်းလေးနဲ့ ရွှေရောင်ဖိနပ် လေးကိုဝတ်ဆင်ကာ ရွှေနန်းတော်ရဲ့စိန်ဘယက်လေးနဲ့ လှလှပပကြွားကြွား ဝင့်ဝင့်ဖြစ်လို့ နေပါတယ်။ မခိုင်လေးရဲ့အလှအပတွေကို ပရိတ်သတ်ကြီးအတွက်လဲ ဝေမျှပေးလိုက်ပါ တယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။