လျှပ်စစ်ဓာတ်အားပေးစက်ရုံဆိုတာ အင်မတန်အန္တရာယ်များတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းခွင် လုံခြုံမှုကလည်း အင်မတန်ကိုလိုအပ်ပါတယ်။ ယခုအခါမှာတော့ လျှပ်စစ်ဓာတ်အားပေးစက်ရုံပေါက်ကွဲမှုကနေ အလုပ်သမား၁၆ဦးထိမနည်းသေဆုံးခဲ့တာပါ။ အဆိုပါဖြစ်ရပ်ကတော့ အိန္ဒီယမှာ ဖြစ်ပွားခဲ့တာပါ။ 

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၁၀၀ ဝန်းကျင်မျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အိန္ဒိယမြောက်ပိုင်း ယူတာပရာဒက်ရှ် ပြည်နယ်ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွင် နိုဝင်ဘာ ၁ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု အာဏာပိုင်များက ဆိုသည်။ အဆိုပါ ဓာတ်အားပေး စက်ရုံကို အစိုးရပိုင် အမျိုးသား အပူစွမ်းအင် ကော်ပိုရေးရှင်းက တည်ဆောက်ထားခြင်း ဖြစ်သည်။ ဒဏ်ရာရသူ ၈၀ မျှကို ကော်ပိုရေးရှင်းက ဖွင့်လှစ်ပေးထားသည့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အခြေအနေ ဆိုးရွားသူ နောက်ထပ် ၁၀ ဦးကိုမူ အခြား ဆေးရုံများထံ အရေးပေါ် တင်ပို့ထားရသည်။ 

မျက်မြင်များက မူမှန်မဟုတ်သည့် အသံတစ်မျိုး ထွက်ပေါ်လာသည်ကို ကြားသိရပြီးနောက် ရုတ်တရက် ဓာတ်ငွေ့နှင့် ရေနွေးငွေ့များ ပန်းထွက်ကာ ပေါက်ကွဲခဲ့ခြင်းဟု ဆိုသည်။ ကော်ပိုရေးရှင်းက ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းမှုများ စတင် လုပ်ဆောင်နေပြီဟု ကြေညာခဲ့သည်။ယူတာပရာဒက်ရှ် ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ အာနန်ကူးမားက ပေါက်ကွဲမှု စတင်ရာ ဘွိုင်လာအိုး၏ အောက်ပိုင်းတွင် ပြာများကို တွေ့ရှိရပြီး ဘွိုင်လာ ဖိအား ပြောင်းလဲသည့် ပြဿနာကြောင့်ဟု ကနဦး ယူဆထားကြောင်း ဆိုသည်။ပြည်နယ်ဝန်ကြီးချုပ် ယိုဂီ အေဒစ်ယာနတ်သ်က ထိခိုက်သေဆုံးသူများအတွက် စာနာဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပြီး နစ်နာကြေး ပေးချေရန် ကိစ္စများလည်း စီစဉ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

Source – 7 Days News  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။