နိုဝင်ဘာ ၁ ရက် မနေ့မနက် ၇ နာရီခွဲ ဝန်းကျင်ခန့် တောင်ဥက္ကလာပမြို့နယ် တွင် YBSယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တောင်ဥက္ကလာပမြို့နယ်၊ ၊ အမှတ် (၁၂) ရပ်ကွက် သုမင်္ဂလာလမ်းရှိ ပဒေသာမှတ်တိုင်အနီးတွင် YBS (၁၀) ခရီးသည်တင် ယာဉ်တစ်စီးမှာ မီးလောင်ခဲ့ ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ သတင်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ YBS (၁၀)ယာဉ်၏ အင်ဂျင် စက်ခန်းထဲမှာရှိတဲ့ မီးကွိုင်အပူလွန်ကဲပြီးတော့ မီးစတင်လောင်ကျွမ်းခဲ့တာပဲဖြစ်ပါတယ်။မီးလောင်ချိန်ကတော့ဆယ်မိနစ်လောက်ပဲ ကြာတယ်လို့သိရပါတယ်။လက်ရှိမှာတော့ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့သိရှိရပြီးအဆိုပါ ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားတယ်”လို့ တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။  

YBS (၁၀)ယာဉ်ဟာ သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာမှ ဒဂုံတက္ကသိုလ်သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်ပဲဖြစ်ပါတယ်။ ၎င်းYBS(၁၀)ယာဉ်မီးလောင်မှုနှင့်ပတ်သက်၍ တောင်ဥက္ကလာပ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရတာဖြစ်ပြီး ၁၀ မိနစ်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့အဆိုပါ ယာဉ်မောင်း ဦးစိုးအောင်ကို တောင်ဥက္ကလာပ မြို့မရဲစခန်းက (ပ) ၉၉၄/ ၂၀၁၇၊ ပြစ်မှုဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့သတင်းရရှိပါတယ်။

သတင်းအရင်းအမြစ် - တာင်ဥက္ကလာပ မြို့နယ်မီးသတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။