Sandwich ကို မနက်စာ အဖြစ် စားကြသလို ပေါ့ပေါ့ပါးပါး သယ်သွားရ လွယ်တဲ့ အတွက် ပျော်ပွဲစားထွက်တဲ့ အခါမျိုးတွေမှာလည်း ယူသွားတတ်တဲ့ အစားအစာ တစ်ခုပါ။ ဒ့ါကြောင့် အခုလို ပိတ်ရက်မှာ Sandwich လုပ်စားနိုင်ဖို့အတွက် လွယ်ကူ မြန်ဆန်တဲ့ နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

နည်းလမ်း (၁)

Sandwich အတွက် ပါ၀င်ပစ္စည်း

ပေါင်မှုန့် ၂ ချပ်

အဝိုင်းလိုက်လှီးထားတဲ့ ခရမ်းချဉ်သီးနဲ့သခွားသီး

ဆလပ်ရွက်

ထောပတ်

ချိစ်အပြား ၁ပြား

ကြိတ်ထားတဲ့ ကြက်သား အနည်းငယ်

Mayonnaise လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ကြိတ်ထားတဲ့ ကြက်သား အနည်းငယ်ကို မီးအေးအေးနဲ့ ဆီအနည်းငယ်ထည့်ပြီး ကြော်လိုက်ပါ။

ပေါင်မှုန့် တစ်ချပ်ရဲ့ တစ်ဖက်ဆီကို ထောပတ်သုတ်ပါ။ ချိစ် (Cheese) ကို ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်အပေါ် တင်လိုက်ပါ။ အဲဒီနောက် အပေါ်ကနေ ကြော်ထားတဲ့ ကြက်သား ကို ထည့်ပါ။

ခရမ်းချဉ်သီးထည့်ပါ။ ဆလတ်ရွက်ကိုတင်ပါ။ ပြီးရင် ကျန်တဲ့ပေါင်မှုန့်တစ်ချပ် ကို မိုင်ယိုနီးစ် (Mayonnaise) သုတ်ပြီး အပေါ်ကနေတင်ပါ။ အလယ်ကနေပြီးတော့ ကန့်လန့်ဖြတ် တြိဂံပုံလေး လှီးလိုက်ပြီးထည့်ပေးပါ။ ဆလတ်ရွက်ကို အောက်ခံပြီး ထည့်ပေးရင် ချစ်စဖွယ်လေးနဲ့ဆိုတော့ ကလေးတွေရဲ့ အာရုံကို ဖမ်းစားနိုင်မှာဖြစ်ပါတယ်။

နည်းလမ်း (၂)

Tuna and Avocado Sandwich အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

– ထောပတ်သီး မမှည့်တမှည့် အနည်းငယ်

– Lemon Juice စားပွဲတင်ဇွန်းဝက်

– တူနာငါး ၁၂၀ ဂရမ်

– ခရမ်းချဉ်သီး ၂ ခြမ်း

– ဆလပ်ရွက် အနည်းငယ်

– ကြက်သွန်နီ တစ်လုံး

– ပေါင်မုန့် ၂ချပ်

– ဆား၊ ငရုတ်ကောင်း အနည်းငယ်

– သံလွင်ဆီ အနည်းငယ်

ပြုလုပ်နည်း

၁။ ကြက်သွန်နီကို အကွင်းလိုက် လှီးထားပါ။ ဆလပ်ရွက်ကို အနညး်ငယ် လှီးထားပါ။

၂။ ပေါင်မုန့်ချပ်တွေမှာ သံလွင်ဆီကို တစ်ဖက်စီ သုတ်ပေးပါ။

၃။ ထောပတ်သီးကို အစိပ်လေးတွေ လှီးပြီး ပေါင်မုန့်ပေါ်မှာ စီးပါ။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ တူနာငါးနဲ့ ဆလပ်တွေကို စီထည့်ပါ။ ဆား၊ ငရုတ်ကောင်းနဲ့ အချဉ်ကို ကိုယ်လိုသလောက် ထည့်ပါ။

၄။ အပေါ်ကနေ ပေါင်မုန့်တစ်ချပ်ကို အုပ်လိုက်ပါ။ အရသာ ရှိလှတဲ့ တူနာထောပတ် Sandwich ကို ရပါပြီ။ 

နည်းလမ်း (၃) Chicken and Cream Cheese Sandwich အတွက် လိုအပ်သောပစ္စည်းများ

– ပေါင်မုန့်နှစ်ချပ်

– ကြက်သား အသားချည်း

– ခရမ်းချဉ်သီး တစ်လုံး

– ချိစ် ၃၀ ဂရမ်

– ဆလပ်ရွက် အနည်းငယ်

– ဆား ၊ ငရုတ်ကောင်း

ပြုလုပ်နည်း

၁။ ကြက်သားကို ဆားအနည်းငယ်နဲ့ ပြုတ်ပါ။ ပြီးရင် အချပ်လိုက်ဖြစ်အောင် လှီးထားပါ။

၂။ ချိစ်တွေကို ပေါင်မုန့်ပေးမှာ နှံ့အောင် သုတ်ပါ။ ကြက်သားအချပ်တွေကို ထည့်ပါ။ ခရမ်းချဉ်သီးကို အချပ်လိုက် လှီးပါ။ ဆလပ်ရွက်ကို ထည့်ပါ။ ဆားနဲ့ ငရုတ်ကောင်းကို လိုသလောက် ထည့်ပါ။

၃။ အခြားပေါင်မုန့်တစ်ချပ်ကို အပေါ်ကနေ အုပ်ပါ။ တြိဂံပုံစံ ထောင့်လိုက်ဖြတ်ပါ။ အရသာ ရှိတဲ့ Sandwich ဖြစ်ပါပြီ။

Source: brightside 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။