မိကျောင်းဆိုတဲ့ သတ္တဝါကတော့ အလွန်ကိုအန္တရယ်ကြီးပါတယ်။ အတော်ကိုအားသန်တဲ့ သတ္တဝါတစ်ကောင်လည်းဖြစ်ပါတယ်။ ရေထဲမှာဆိုလျှင် မိကျောင်းကို အနိုင်ယူဖို့ ခက်ခဲလှပါတယ်။ ယခုဖြစ်ရပ်ကတော့ မိကျောင်းက လူနေခြံထဲဝင်လာတာပါ။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ ယခုကိစ္စဖြစ်ပွားခဲ့တာပါ။ 

အဆိုပါ ဒေသက ရွာထဲရှိ အမျိုးသားတစ်ဦး၏ အိမ်ထဲကို မိကျောင်းက တိတ်တိတ်လေးဝင်လာတာပါ။ ဒက်ရှ်ရက်သ် မက်ဒ်ခမီ အမည်ရတဲ့ အဆိုပါအမျိုးသားက သူဟာ ထူးဆန်းတဲ့ အသံတသံကြောင့် ရုတ်တရက် လန့်နိုးသွားခဲ့ပြီးနောက်မှာ မိကျောင်းကြီးကို တွေ့ခဲ့တာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီနောက် သူက တခြားရွာသားတွေကို ခေါ်ကာ အရှည် ၁၂ ပေလောက် ရှိတဲ့ မိကျောင်းကြီးကို ဝိုင်းဝန်းဖမ်းဆီးကာ သစ်ပင်မှာ ကြိုးနဲ့ ချည်ထားခဲ့ကြတာ ဖြစ်ပါတယ်။ 

အစပိုင်းကတော့ ရွာသားတွေဟာ မိကျောင်းကြီးကို သတ်ချင်ခဲ့ကြပေမယ့် ရွာအကြီးအကဲက ဖျောင်းဖျ ပြောဆိုတဲ့အတွက် မသတ်ခဲ့ကြပါဘူး။လက်ရှိမှာတော့ ကံကောင်းထောက်မစွာပဲ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတွေဟာ မိကျောင်းကြီးကို ကယ်တင်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။သစ်တောဌာနမှ တာဝန်ရှိသူတွေဟာ မိကျောင်းကြီးကို ကျေးရွာအနီးက ဆတီဂူဒါ ရေလှောင်တမံဆီ ပြန်လွှတ်ပေးချင်ခဲ့ပေမယ့် ဒါဟာ ရွာသားတွေကြား အငြင်းပွားစရာ ဖြစ်နေပြီး ရွာထဲကို နောက်တကြိမ် ရောက်လာမှာကို စိုးရိမ်နေကြတာပါ။ အဲဒီနောက်တော့ မိကျောင်းကြီးကို ရွာနဲ့ ၃၇ မိုင်လောက် ဝေးတဲ့ ဘာလီမယ်လာ ရေလှောင်တမံဆီ ပြန်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ သတင်းမှာ ဖော်ပြပါတယ်။

Source – DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။