ရုပ်ရှင်သရုပ်ဆောင် ပြည်သူ့အချစ်တော် မြင့်မြတ်တို့ ဇနီးမောင်နှံဟာ ဘုန်းကြီးကျောင်း သိမ်ဆောက်လုပ်ဖို့အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။ ချောင်းသာကမ်းခြေရှိ ငြိမ်းချမ်းအောင်မြေကျောင်းတိုက်မှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။ အလှူငွေကတော့ ဝတ္တုငွေ(၅)သိန်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။ မြင့်မြတ်ဟာ ရိုက်ကူးရေးအတွက် ချောင်းသာကမ်းခြေကို ရောက်ရှိနေတာဖြစ်ပြီး ချောင်းသာမှ ဘုန်းကြီးကျောင်း သိမ်အတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

မြင့်မြတ်တို့ဇနီးမောင်နှံဟာ ရိုးရိုးရှင်းရှင်းနဲ့ နေထိုင်တတ်သူတွေဖြစ်ကြပြီး ဘုန်းကြီးကျောင်းက ပြန်လည်ဧည့်ခံကျွေးမွေးတဲ့ အချိုပွဲမုန့်တွေကိုလည်း ဇနီးနဲ့အတူ စားခဲ့တာ တွေ့ရပါတယ်..။ ချောင်းသာကို ရိုက်ကူးရေးနဲ့ ရောက်ရှိနေတာဖြစ်ပြီး ဇနီးဖြစ်သူနဲ့အတူ ပါဝင်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။ ချောင်းသာကမ်းခြေမှာ “ဘူဇွာဟိုတယ်” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတာ ဖြစ်တယ်လို့ သိရပါတယ်..။ မြင့်မြတ်ဟာ အနုပညာလောကမှာ ပရိသတ်အများဆုံးရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ မင်းသာ တစ်လက်ဖြစ်ပြီး ပရဟိတနဲ့ လှူဒါန်းမှုတွေကို မကြာခဏ ပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်..။

သဘာဝမင်းသားလို့ ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အချစ်တော် မြင့်မြတ်ဟာ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပီပြင်စွာ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အခိုင်အမာရရှိထားတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်..။ အနုပညာလောကမှာ ဝေဖန်မှု အနည်းဆုံးမင်းသားတစ်လက်လည်း ဖြစ်ပါတယ်..။ လတ်တလောမှာတော့ အခမ်းအနားပွဲများတတ်ရောက်ပြီး ဇာတ်ကားတွေကိုလည်း အဆက်မပြတ်ရိုက်ကူးနေတယ်လို့ သိရပါတယ်..။ လတ်တလောရိုက်ကူးနေတဲ့ “ဘူဇွာဟိုတယ်” ဟာသ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မြင့်မြတ်၊ ရွှေသမီးသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ခင်လှိုင်၊ တက္ကသိုလ် ဂွမ်းပုံ၊ ဝါဝါအောင်၊ Kညီ တို့ကလည်း ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်..။ ဟာသရုပ်ရှင်ဇာတ်လေးလေးပဲ ဖြစ်တယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။