အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်မြောက်ပိုင်း Raebareli ခရိုင်ရှိ အစိုးရပိုင် National Thermal Power Co ရဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ထိုပေါက်ကွဲမှုကြောင့် လူအနည်းဆုံး ၁၆ ဦးသေဆုံးခဲ့ရပါတယ်။ထိုသေဆုံးသူတွေဟာ စက်ရုံလုပ်သားများလည်းဖြစ်ပါတယ်။

နောက်ထပ်စက်ရုံလုပ်သားအများအပြားကတော့ မီးလောင်ဒဏ်ရာကြောင့် ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။ဒဏ်ရာရရှိသူ လူပေါင်း အယောက် ၁၀၀ ကျော်လောက်ရှိမယ်လို့ ပြည်နယ်အတွင်းရေးမှုးက ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ 

ရဲအရာရှိတစ်ဦးကတော့ စက်ရုံပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သတ်ပြီး ပြောကြားခဲ့ရာမှာ ဘွိုင်လာအိုးအောက်ကမီးဖိုအတွင်းမှာ ပြာတွေ ပိတ်သွားတာကြောင့် ယခုလိုပေါက်ကွဲခဲ့တာဖြစ်နိုင်ပါတယ်လို့ဆိုခဲ့ပါတယ်။သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ပြည်နယ်ဝန်ကြီးချူပ် က အမေရိကန်ဒေါ်လာ သုံးထောင်ကျော်ဆထာက်ပံ့ကူညီခဲ့တယ်လို့ သိရှိရပါတယ်။

source - RFA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။