နာမည်ကြီး Sexy မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ကဗျာကိုဟာ ပြင်သစ်လူမျိုးနိုင်ငံခြားသားနဲ့ အောက်တိုဘာလ (၃၁) ရက်နေ့မှာပဲလက်ထပ်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။သူမကတော့ ချစ်သူရဲ့သူမပေါ်ဂရုစိုက်မှုတွေကြောင့် အပျော်ကြီး ပျော်နေပါတယ်။သူမကိုအားပေးတဲ့ ပရိသတ်တွေကလည်း လိုက်ဖက်တဲ့ဆိုပြီး ချီုးကျုးအားပေးမှုတွေများစွာပေးနေကြတာကိုလည်း တွေရပါတယ်။

သူမဟာ ဒါကိုဖေ့ဘုတ်ကနေ ပရိသတ်ကိုအသိအလင်း ချပြခဲ့တာဖြစ်ပါတယ် “ပြင်သစ်နိူင်ငံမှာဘဲ လက်ထပ်ထိမ်းမြားပြီးဘဝနှစ်ခုပေါင်းစပ်ခဲ့တာ ဒီနေ့ဒီချိန်မှာဒီလိုဖြစ်လာနိူင်အောင် စောင့်စားရတဲ့အချိန်တွေဟာ ကြာပေမယ့်တကယ်တေ့ာတန်ဖိုးရှိလှပါတယ်။မြန်မာအမျိုးသမီးဖြစ်နေတော့ရိုးရာမပျက်မြန်မာ့ဥပဒေလက်အောက်မှာလည်း လက်ထပ်ထိမ်းမြားမှုအမှုကိုပြုကြရမှာပဲလေ။သိပ်ချစ်ရသောသူကကိုယ့်အတွက်ဗုဒ္ဓဘာသာပြောင်းမြန်မာထုံးတမ်းစဉ်လာတွေလိုက်နာခြင်းဟာလည်းကိုယ့်အတွက်ဘုရားကပေးသောဆုလာဒ်ပါပဲ။

နှလုံးသား ချစ်ခြင်းမေတ္တာ ကိုယ်ချင်းစာတရား နှမချင်းစာနာမှု နဲ့ ယောက်ျားတယောက်ရဲ့တာဝန်သိတတ်မှု ။ဗုဒ္ဓအဆုံးအမအပေါ်ယုံကြည်သက်ဝင်မှုဆိုတဲ့အချက်တွေဟာ သူရဲ့ နိူင်ငံခြားသားဆိုတဲ့ ပညက်ချက်တွေကို ပယ်ဖျောက်ပစ်စေနိူင်ပါတယ်။

အချစ်ကြောင့်အရာရာအေးချမ်းကြပါစေ”

ဘဝလက်တွဲဖော်နဲ့အတူဘဝကို အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းတော့မယ်သူမကိုအားပေးလိုက်ကြပါအုံး..။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။