၀ါကျွတ်ပြီဆိုတော့ အနုပညာရှင်တွေထဲမှာလည်း စွံတဲ့သူစွံသွားကြပါပြီ။

မင်္ဂလာပွဲဆင်နွွှဲပြီးတဲ့သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးတွေရောက်တဲ့အခါတိုင်း မင်္ဂလာပွဲတုန်းက အမှတ်တရပုံလေးတွေပြန်ကြည့်ရင်း ကြည်နူးပိတိဖြစ်မိမှာပါ။

ပရိသတ်ချစ်ခင်အားပေးတဲ့ နာမည်ကြီးဆယ်လီတွေမှာ သူတို့ရဲ့ အိမ်ထောင်ပြုစ အချိန်လေးကို ပြန်တွေးရင် အမှတ်ရစရာဖြစ်ရပ်တွေရှိချင်ရှိခဲ့မှာပါ။

လက်တလောမှာတော့ အိမ်ထောင်ကျပြီး မိသားစုဘဝပိုင်ဆိုင်ထားကြပြီဖြစ်တဲ့ နာမည်ကြီး အနုပညာရှင်တွေရဲ့ အရင်က မင်္ဂလာပွဲပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ပရိသတ်အချစ်တော်တွေဖြစ်တဲ့ ဒိတ်ဒိတ်ကျဲမင်းသား မင်းသမီးစုံတွဲဖြစ်တဲ့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ မင်္ဂလာပွဲပုံရိပ်တွေဆီ ပြန်သွားကြမယ်နော်။ လက်ရှိမှာတော့ လိုက်ဖက်ညီလှတဲ့ သူတို့စုံတွဲဟာ သမီးတစ်ယောက် သားတစ်ယောက်နဲ့ မိသားစုဘဝလေးဖြတ်သန်းနေပါတယ်။

အနုပညာလောကထဲမှာ အမွှာသမီးလေးတွေမွေးထားတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဆိုရင်တော့ချစ်သုဝေနဲ့ လင်းလင်း တို့ဇနိီးမောင်နှံပါ။ သူတို့ဇနီးမောင်နှံဟာ ဘာသာမတူပေမယ့် နားလည်မှုတွေနဲ့အရမ်းချစ်ကြတဲ့သူတွေပါ။ ဒါကြောင့်လည်း သူတို့မွေးတဲ့သမီးလေးနှစ်ယောက်ကလည်း လူချစ်လူခင်များနေတာပါ။

နောက်ထပ် စုံတွဲတစ်တွဲဖြစ်တဲ့ လူမင်း နဲ့ ခင်စံပယ်ဦး တို့ရဲ့ မင်္ဂလာဆောင်စဉ်ကပုံရိပ်လေးတွေကို သူတို့နှစ်ဦးရဲ့ လူမှုကွန်ရက်အကောင့်ကတစ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်လူမင်းနဲ့ ထုတ်လုပ်ရေးပိုင်ရှင် ခင်စံပယ်ဦးတို့ဟာ အခုဆိုရင် သားသမီးနှစ်ယောက်ရရှိထားပါတယ်။

ဘယ်စုံတွဲလေးကိုအချစ်ဆုံးလဲပရိသတ်ကြီးရေ။  

Photo-Celebrity and Irrawaddy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။