အဆိုတော် နှင့် ရုပ်ရှင်သရုပ်ဆောင် နန်းမြတ်ဖြိုးသင်ရဲ့ ခင်ပွန်းလောင်းကတော့ အိမ်ထောင်ရှင် ဖြစ်သွားသည့်တိုင်အောင် နန်းမြတ် ကို အနုပညာ အလုပ်တွေ ဆက်လက် လုပ်ကိုင် ခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။
“အိမ်မှာပဲနေတဲ့ အမျိုးသမီးတယောက်မဟုတ်ဘဲနဲ့ အလုပ်လုပ်နေတဲ့ အမျိုးသမီးတယောက်ဖြစ်ချင်တဲ့အတွက် ဆက်ပြီးလုပ်မယ်ဆိုတော့ နားလည်ပေးပါတယ်။ အစကတော့မလုပ်စေချင်ဘူးပေါ့။ အေးဆေးနေ သူရှာကျွေးတာ ထိုင်စားပေါ့။ နန်းမြတ်ကတော့ အနုပညာအလုပ်ကို ဝါသနာပါတယ်။ နောက်ပြီးကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ဖြစ်တဲ့အတွက် ဆက်လုပ်သွားမှာပါ” လို့ နန်းမြတ် က သူ့ပရိတ်သက် ကြီးကို ပြောကြားခဲ့ပါတယ်။
ချစ်သူသက်တမ်း ၃နှစ်ကျော် ရှိပြီ ဖြစ်တဲ့ နန်းမြတ်တို့ စုံတွဲက ယခုလမှာ မင်္ဂလာပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့ပြီး Pre Wedding ပုံများကို ပြည်တွင်း၊ ပြည်ပ နေရာ အနှံမှာ ရိုက်ကူးခဲ့ပါသေးတယ်။
မင်္ဂလာပွဲ အစီစဉ်များ နှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၆ရက်နေ့မှာ ကမ်းခြေတခုခုတွင် လက်မှတ်ထိုးမည်ဖြစ်ကြောင်း၊ ၁၈ရက်နေ့ မင်္ဂလာဆွမ်းကျွေး၊ ၂၆ရက်နေ့ ဆီဒိုးနား ဟိုတယ် တွင် စုလျားရစ်ပတ် မည်ဖြစ်ကာ ၂၇ရက်နေ့ ညစာစားပွဲကို အင်းလျားလိတ်ဟိုတယ် တွင် အစီစဉ်တကျ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
Source – The Irrawaddy
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။