မနေ့ကဖြစ်ပွားခဲ့တဲ့လူရှစ်ဦးထိခိုက်ဒဏ်ရာရပြီး ဆယ့်တစ်ဦးသေဆုံးခဲ့တဲ့အထဲမှာမှ ကလေးနှစ်ဦးပါ၀င်ခဲ့ပါတယ်။အကြမ်းဖက်သမားဟာ ထရက်ကားအားစက်ဘီးသွားတဲ့လမ်းကြောင်းအတွင်းဆင်းမောင်းနှင်ခဲ့တာလည်းဖြစ်ပါတယ်။ ထရပ်ကားနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့သူဟာ Uzbekistan နိုင်ငံကနေ DV ဗီဇာကံစမ်းမဲပေါက်ပြီး ၂၀၁၀ ခုနှစ်မှာ အမေရိကန်ကို ရောက်လာသူလည်းဖြစ်ပါတယ်။အဲဒါဟာအကြမ်းဖက်မှုလုပ်ရပ်ဖြစ်ကြောင်းကို နာမည်ကျော်များဖြစ်တဲ့ တေလာဆွတ်ဖ်၊ဘားရက်ခ်အိုဘားမား၊ဆမ်စမစ်နှင့်အတူအခြားသော အနုပညာရှင်များဟာသူတို့ရဲ့တွတ်စ်တာအကောင့်တွေမှာ တုန့်ပြန်ပြောကြားထားတာတွေကိုတွစ်လုပ်ထားကြပါတယ်။

အသက်နှစ်ဆယ့်ကိုးနှစ်အရွယ်အမျိုးသား ဆေဖူလိုဟာဗီလားဗစ်ဆိုင်ပို အား အကြမ်းဖက်သမားအဖြစ်သတ်မှတ်ခြင်းခံရထားသူဖြစ်ပြီး ၂၀၁၀ခုနှစ်ကျော်ကတည်းက အမေရိကမှာအခြေချနေထိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယခုမှာတော့ အဆိုပါအကြမ်းဖက်သမားအား ခွဲစိတ်ကုသနေပြီဖြစ်ပါတယ်။ဘာ့ကြောင့်လည်းဆိုတော့ အခင်းဖြစ်ပွားရာနေ့က ရဲတပ်ဖွဲကဝင်တစ်ဦးရဲ့ပစ်ခတ်မှုကြောင့် အစာအိမ်ကိုထိခိုက်မိသွားသောကြောင့်လည်းဖြစ်ပါတယ်။

များစွာသောအနုပညာရှင်တွေဟာ social media မှတစ်ဆင့် အဆိုပါဖြစ်ရပ်ကြောင့်ထိခိုက်နစ်နာသူတွေအား အားပေးစကားတွေ ၀မ်းနည်းကြောင်းစကားတွေ ပြောကြားခဲ့ကြပါတယ်။တေလာဆွတ်ဖ်ဟာဆိုရင်တော့ New York မြို့ရဲ့ဓါတ်ပုံကို အသဲကွဲနေတဲ့ emojiလေးသုံးကာ 'I love you New York' ဆိုသော စာသားလေးဖြင့်မျှဝေထားပါတယ်။

Source - elle

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။