မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု G ပွဲစဉ်မှာ ပေါ်တိုအသင်းဟာ လိုက်ဇစ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အိမ်ကွင်းမှာအနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပေါ်တိုအသင်းဟာယခုနိုင်ပွဲကြောင့် ရမှတ် ၆ မှတ်နဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။အုပ်စုထိပ်ဆုံးနေရာမှာတော့ ဘက်ဆစ်တပ်အသင်းက ရမှတ် ၁၀ မှတ်နဲ့ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။လိုက်ဇစ်အသင်းကတော့ ရမှတ် ၄ မှတ်နဲ့ အဆင့် ၃ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းဟာ ၂ မှတ်သာရရှိထားတာဖြစ်ပြီး နောက်တဆင့်တတ်ရောက်ဖို့အတွက် ရုန်းကန်သွားရမှာလည်းဖြစ်ပါတယ်။

ပေါ်တိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မာရီဂါ၊ အဘူဘာကာ၊ ဘရာဟီမီ၊ ဒန်နီလို ၊ ဟာရဲရား၊ ကိုရိုနာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လိုက်ဇစ် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အော်ဂတ်စတင်၊ တီမိုဝါနာ၊ ဆာဗစ်ဇာ၊ ဖော့ဘက်၊ ကီတာ၊ ခမ်းပလ် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တိုအသင်းအတွက် အဖွင့်ဂိုးကိုတော့ ဟာရဲရား က ၁၃ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။လိုက်ဇစ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ဒုတိယပိုင်း ၄၈ မိနစ်မှာ တီမိုဝါနာ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပေါ်တိုအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ဒန်နီလိုက ၆၁ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပေါ်တိုအသင်းအတွက်အနိုင်သေချာစေမဲ့ဂိုးကိုတော့ နောက်ဆုံးမိနစ်မှာ ပါရဲရား က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။