ယမန်နေ့ညကတော့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များကို ကစားခဲ့ပါတယ်။ အင်္ဂလန်ကလပ်ဖြစ်တဲ့ မန်စီးတီးကတော့ အဝေးကွင်းမှာ သွားရောက်ကစားခဲ့ပါတယ်။ မန်စီးတီးနှင့်ကစားရမည့်အသင်းက ယခုရာသီအိမ်ကွင်းရှုံးပွဲ မရှိသေးတဲ့ နာပိုလီဖြစ်ပါတယ်။ ဒါ့အပြင် နာပိုလီက တိုက်စစ်ကောင်းတဲ့အသင်းဖြစ်ပါတယ်။

နှစ်သင်းစလုံးကတော့ ပွဲစတယ်ဆိုတာနှင့် တိုက်စစ်ဖွင့်ခဲ့ကြပါတယ်။ ဦးဆောင်ဂိုးကို ရရှိခဲ့တာ နာပိုလီဖြစ်ပါတယ်။ ဒီဂိုးကိုတော့ နာပိုလီတိုက်စစ်မှူး အင်ဆိုင်းကသွင်းခဲ့တာပါ။ မန်စီးတီးအနေဖြင့် ချေပဂိုးကို ပွဲချိန် ၃၄မိနစ်မှာ ရရှိခဲ့ပါတယ်။ အဆိုပါဂိုးကို အော်တာမန်ဒီကသွင်းပေးခဲ့တာပါ။ ပွဲချိန် ၄၈မိနစ်မှာ ဂျွန်စတုန်းက မန်စီးတီးအတွက် ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၆၂မိနစ်မှာတော့ နာပိုလီအတွက်ချေပဂိုးကို ဂျောဂင်ဟိုက ပင်နယ်တီကနေသွင်းယူပေးခဲ့ပါတယ်။ သို့သော် ပွဲချိန် ၆၉မိနစ်နှင့် ၉၂မိနစ်မှာတော့ မန်စီးတီးအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူး အဂူရီုနှင့် စတာလင်းတို့က သွင်းခဲ့ပါတယ်။ ပွဲပြီးမှာတော့ မန်စီးတီးကနာပိုလီကို ၄-၂ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲမှာသွင်းခဲ့တဲ့ ဂိုးကြောင့် အဂူရိုက မန်စီးတီးသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆု့း ကစားသမားဖြစ်လာပါတယ်။ မန်စီးတီးအတွက် အဂူရိုသွင်းယူခဲ့တာ ၁၇၈ ဂိုးရှိလာဖြီဖြစ်ပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။