သူငယ်ချင်းကနေ ချစ်သူဖြစ်ဖို့လွယ်ပြီး ချစ်သူကနေ သူငယ်ချင်းမိတ်ဆွေ ပြန်ဖြစ်လို့မလွယ်ဘူးလို့ တချို့က တွေးမိကြမှာပါ။

အချစ်စစ်မှန်ရင်တော့ ဘယ်လိုတွေပဲကြုံရရ နီးစပ်နိုင်ပါတယ်။ နှစ်တွေအကြာကြီးတွဲခဲ့တဲ့ JB နဲ့ Selena တို့စုံတွဲလေးအတူတူသွားလာနေတဲ့ပုံလေးတွေထွက်လာတော့ ကမ္ဘာတစ်ဝှမ်းက Jelena ပရိသတ်တွေတော့ အတော်လေးဝမ်းသာနေကြပါတယ်။

ပရိသတ်တွေချစ်ခင်အားပေးတဲ့ ကမ္ဘာကျော်အဆိုတော် ဂျေဘီနဲ့ ဆလီနာ တို့စုံတွဲဟာ အသက်(၁)နှစ်သာကွာပေမယ့် ဆလီနာတစ်ယောက် ရည်းစားဟောင်း ဂျေဘီနဲ့အတူရှိနေရင် စိတ်လွတ်ကိုယ်လွတ်ကို ပျော်ရွှင်နေတာပါ။

လက်တလောမှာတော့ လူမှုကွန်ရက်တွေမှာ ပျံ့နေတဲ့ သူတို့နှစ်ဦးရဲ့ ကြည်နူးစရာတွဲသွားတွဲလာပုံရိပ်တွေက အရမ်းချစ်စရာကောင်းနေတာပါ။

ချစ်စရာအဆိုတော်မလေး ဆလီနာဟာ အခုတစ်ပတ်အတွင်းမှာပဲ ချစ်သူဖြစ်တဲ့ The Weekend နဲ့လမ်းခွဲလိုက်ပြီးနောက် ဂျေဘီနဲ့အတူ ဘုရားကျောင်းသွား ၊ မနက်စာအတူစားလိုက် ၊ စက်ဘီးအတူတူပတ်စီးလိုက်နဲ့ ကလေးတွေလို လွတ်လွတ်လပ်လပ် ပျော်ရွှင်နေကြပါတယ်။

ဒီနေ့နို၀င်ဘာလ(၂)ရက်နေ့မှာလည်း ဂျေဘီရဲ့ အပျော်တမ်းဟော်ကီ ကစားပုံမြင်ကွင်းကို ဆလီနာက သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ ဓာတ်ပုံတွေထွက်ပေါ်နေပါတယ်။

ရည်းစားဟောင်းတွေဖြစ်ခဲ့ဖူးသလို ပြတ်လိုက်ဆက်လိုက်ချစ်ခဲ့တဲ့ သူတို့အတွဲလေးကို ပြန်တွဲဖို့ မျှော်လင့်နေတဲ့ ပရိသတ်တွေကတော့ ဒုနဲ့ဒေးပါပဲ။

အချစ်စစ်မှန်ရင်တော့ အခက်အခဲအတားဆီးတွေဘယ်လိုပဲရှိရှိ နီးစပ်နိုင်မှာပါ။

သူတို့စုံတွဲလေး ပြန်တွဲဖြစ်မလားဆိုတာကိုတော့ …. 

Source :JustinBiber Philippines

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။