ပြီးခဲ့သည့် သြဂုတ်က မြန်မာမိန်းကလေးတစ်ဦး ထိုင်းတွင် သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့သည်။ ယခုအခါ အဆိုပါထိုင်းနိုင်ငံ လပ်ဘူရီမြို့တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးခဲ့ပြီး ဂူသွင်းသဂြုႋဟ်ထားသော မြန်မာအမျိုးသမီး ရုပ်အလောင်း ကို ထိုင်း အထူးရဲတပ်ဖွဲ့က ပြန်လည်စစ်ဆေးရန်အတွက် အုတ်ဂူကိုဖျက်၍ ယူထုတ်လိုက်ပြီဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့အနေဖြင့် အမှုကို ပြန်လည်စစ်ဆေးရန် လုပ်ဆောင်နေကြောင့းသိရှိရသည်။

ဖြစ်ပုံမှာ လပ်ဘူရီမြို့နယ် ဘန်ပုံနယ်မြေရှိ ထိုင်းလူမျိုးတဦး၏ နေအိမ်တွင် အိမ်အကူအလုပ်နေသည့် အသက် ၁၇ နှစ်အရွယ် ကရင် တိုင်းရင်းသူ မညိုညိုအေး သည် ယခုနှစ် သြဂုတ်လ ၆ ရက်နေ့က ဦးခေါင်းတွင် သေနတ်ဒဏ်ရာနှင့် သေဆုံးခဲ့ပြီး ဂူသွင်း သဂြုႋဟ် ခဲ့ကြောင်း သိရသည်။မညိုညိုအေး သေဆုံးမှုနှင့် ပတ်သက်၍ မိသားစုများက ကျေနပ်မှုမရှိ၍ တိုင်တန်းလာမှုကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး နှင့် AAC အဖွဲ့တို့မှ လိုက်ပါ ဆောင်ရွက်ပေးရာမှ တဆင့် ထိုင်းအထူးရဲတပ်ဖွဲ့ အုတ်ဂူဖွင့်၍ ရုပ်အလောင်းအား ပြန်လည် စစ်ဆေးရန် ဆောင်ရွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။


မညိုညိုအေး သေဆုံးမှုသည် ကိုယ့်ကိုယ်ကိုယ် လုပ်ကြံသေဆုံးကြောင်း ရဲက ထွက်ဆိုထားသော်လည်း ညာဘက် နားရင်း မှ ပစ်သွင်းခံရသော သေနတ်ဒဏ်ရာနှင့် ကျည်ဆန်ခွံ ၂ ခုအပါအဝင် သံသယဖြစ်စရာ အခြေအနေများ ရှိနေခြင်းကြောင့် ထိုအမှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိရေး အတွက် မညိုညိုအေး၏ အစ်မ ဖြစ်သူက ဘန်ပုံနယ်မြေ ရဲစခန်းတွင် အမှုဖွင့် ထားသည်ဟု ဆိုသည်။ထို့ကြောင့် ထိုင်းရဲတပ်ဖွဲ့က မညိုညိုအေး၏ အလောင်းကို ပြန်လည်စစ်ဆေးရန်အတွက် အုတ်ဂူကိုဖျက်၍ ယူထုတ်လိုက်ပြီဖြစ်သည်။

Source - The Irrawady

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။