ပြီးခဲ့တဲ့တစ်ခေါက်ကပွဲမှာ စင်ဒရဲလားလေးနဲ့တူခဲ့တဲ့ ယွန်းယွန်းတစ်ယောက် ယနေ့နို၀င်ဘာလ(၂)ရက်နေ့ နေပြည်တော်မှာဖွင့်လှစ်တဲ့ ရွှေနန်းတော်ဆိုင်ဖွင့်ပွဲမှာတော့ လိမ်မော်ရောင်ဂါ၀န်လေးနဲ့အတူ ပွဲတက်လာပါတယ်။

ကလေးသရုပ်ဆောင်ဘဝကနေ အနုပညာလောကထဲ ခြေချခဲ့တဲ့ ယွန်းယွန်းဟာ အသက်ငယ်ပေမယ့် ဇာတ်ရုပ်ပီပြင်တာကြောင့် အကယ်ဒမီဆုလည်း ရရှိထားတာပါ။

အနုပညာဘက်မှာသာမက ပညာရေးပိုင်းမှာပါ ထူးချွန်တဲ့ စိတ်ပညာတက္ကသိုလ်ကျောင်းသူ ယွန်းယွန်း ဟာ ပထမနှစ်စာမေးပွဲဖြေထားပြီးချိန်မှာ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ဖြစ်နေပါတယ်။

အနုပညာရှင်တော်တော်များများဖိတ်ကြားခံရတဲ့ Forever Gems ရွှေနန်းတော်ဆိုင်သစ်ဖွင့်ပွဲမှာ ဒီဇိုင်နာငြိမ်းကို ဖန်တီးချုပ်လုပ်ပေးတဲ့ လိမ်မော်ရောင်ဂါ၀န်လေးဝတ်ပြီး အလှဆုံးမင်းသမီးငယ်လေးဖြစ်နေပါတယ်။

တစ်ကိုယ်တေ်ာပုံလေးတွေတင်ပြီး မျက်စိနောက်ပါရစေ ဆိုတဲ့စာလေးရေးသားကာ သူမရဲ့ ဖေ့ဘုတ်စ်မှာ တင်ထားပါတယ်။

ဆံပင်ရှည်ကြီးကြောင့် ပိုပြီးလူသိများလာတဲ့ ယွန်းယွန်းရဲ့ ချစ်စဖွယ်ပွဲတက်ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေလိုက်ပါတယ်။  

Source : Yoon Yoon fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။