ညဘက်တွေ အပြင်ထွက်ရင် accident သတိပြုကြပါဗျိုး ။

ခု အဆိုတော် ယုန်လေးအဖြစ်ကတော့ မစားသာလှပါဘူး ။ သူ့ကားခေါင်းကိုကြေအောင် တစ်ဖက်ကားကတိုက်သွားလို့ မောင်းလို့မရတော့ဘဲ ဆိုက်ကားစီးပြန်ခဲ့ရတာပါတဲ့ ။ ပုံမှန် ကားတိုက်မှုတွေဟာ နှစ်ဦးနှစ်ဖက်လမ်းပေါ်သွားနေရင်းငြိတတ်ထိတတ်ကြပေမယ့် ခုယုန်လေးကတော့ ကားကို ရပ်ထားတာကို တစ်ဖက်က ၀င်တိုက်သွားတာလို့ ဆိုပါတယ် ။

" စီးစရာကားက ဒီလိုဖြစ်သွားတော့

လောလောဆယ် ဆိုက်Cruiser နဲ့

haa haa haa .

ရပ်ထားတဲ့ ကားကိုဝင်တိုက်တယ်။

လျော်ကြေးလည်းမရဘူး ကံဇာတာတော်တော်တက်နေပုံပဲ .

ဒီနေ့ကစ ဘုရားတရား အရင်ထက်ပိုလုပ်ပြီ

အဆင်ပြေတဲ့ကိစ္စတွေရှိသလို

ထွက်ငွေလည်း ကြမ်းနေတယ် ။

စိတ်ကောင်းထားတဲ့ အတွက်အချိန်တန်ရင် အေးဆေးကံကောင်းရမယ်ဆိုတာယုံပြီးသား " လို့ သူက ပြောခဲ့တာပါ ။ 

ကားထဲ လူမရှိတဲ့အချိန်မှာဖြစ်တာမို့ ယုန်လေးတော့ ဘာမှမဖြစ်ခဲ့ပေမယ့် တိုက်တဲ့ တစ်ဖက်လူက လူကြီးဖြစ်နေတာကြောင့် ပျက်ဆီးသွားတဲ့ကားအတွက်ပါ သူအလျော်မတောင်းတော့တာလို့ ယုန်လေးက ဆိုခဲ့ပါသေးတယ် ။ ကူညီတတ်တဲ့ စိတ်ထားကောင်းတဲ့ ကိုယုန်လေးတစ်ယောက် အမြန်ဆုံးကံကောင်းလာပါစေနော် ...

သတင်းအရင်းမြစ် Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။