Jelena is Back Together ဆိုတာကို အတူတူတွဲမြင်နေရတဲ့ ပုံတွေ စက်ဘီး အတူတူ စီးနေတဲ့ ပုံတွေကို တွေ့တာနှင့် အားလုံး ရိပ်မိပြီးသားဖြစ်ကြမှာပါ။ ဂျက်စတင်နှင့် ဆလီနာ တို့ရဲ့ love fight က နောက်ဆုံးတော့ အဆုံးသတ်သွားပြီလို့ပြောလို့ရပါတယ်။ သူတို့ နှစ်ယောက် အတူတူ မနက်စာ စားနေကြတဲ့ ပုံတွေ တွေ့ရပြီးနောက်မှာတော့ Selena ဟာ The Weekend နှင့် လမ်းခွဲလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ထို့အပြင် November ၂ ရက်နေ့မှာ သူတို့ နှစ်ယောက် အတူတူ ရှိနေတဲ့ ပုံတွေ ဟော်ကီကစားတာအားပေးတဲ့ ပုံ တွေမျိုးစုံ ထွက်လာခဲ့ပြီး ဂျက်စတင်ကို လက်မောင်းချိတ်ပြီး ရယ်နေတဲ့ ဆလီနားရဲ့ ပုံ ပါ ထွက်ပေါ်လာပြီး နောက်မှာတော့ သူတို့ နှစ်ယောက်တွဲနေတာဟာ confirm ဖြစ်သွားပြီ လို့ ယူဆလို့ရပါတယ်။ လူတွေဟာ ကျန်းမားရေးတစ်ခုခု မကောင်းတာနှင့် ကြုံခဲ့ရရင် မကောင်းခဲ့တဲ့ ဆက်ဆံရေးတွေ ပြန်ပြီးကောင်းလာ တတ် သလိုမျိုး လွန်ခဲ့သော လပိုင်းတွေ တုန်းက ကျောက်ကပ် အစားထိုးထားတဲ့ ဆယ်လီနားက ဂျက်စတင်နှင့် ပြန်လည်ပေါင်းဖက်တာဟာ လည်း တကယ်ချစ်နေဆဲမို့လို့ ထင်ရပါတယ်။

ထို့အပြင် ဂျက်စတင်ကိုယ်တိုင်ကလည်း ဆလီနားနှင့် အတူတူတွေ့ခွင့်ရဖို့အတွက် အဆက်မပြတ် မတ်ဆေ့ချ်တွေပို့ပြီး သူလုပ်နိုင်သမျှ အစွမ်းကုန်ကြိုးစာ ခဲ့တာကြောင့် ဒီလို အခွင်းအရေးရခဲ့တယ်လို့ပြောလို့ရပါတယ်။ ဒီတစ်ခေါက်ရော သူတို့ နှစ်ယောက် ဘယ်လောက်ကြာကြာထိ တွဲကြမှာလဲ ဆိုတာကိုတော့ ပရိသတ်တွေ ခန့်မှန်းပေးလိုက်ကြပါဦးနော်....

Source : popsugar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။