ကမ္ဘာပေါ်မှာရှိတဲ့လူသားတစ်ယောက်ချင်းစီတိုင်းမှာအားနည်းချက်အားသာချက်ဆိုတာရှိကြစမြဲပါ။ကိုယ်မှာရှိတဲ့အားနည်းချက်ဟာစိတ်ဓာတ်ကျသိမ်ငယ်စေဖို့ဘုရားသခင်ဖန်ဆင်းပေးထားတဲ့အရာတွေမဟုတ်ပါဘူး။ကိုယ့်ရဲ့အားနည်းချက်ကိုလက်ခံနိုင်ပြီးဘဝမှာအကောင်းဆုံးနေထိုင်ဖြတ်သန်းသွားကြဖို့လိုအပ်တာပဲဖြစ်ပါတယ်။ 

လက်ရှိမှာအားနည်းချက်တွေရှိနေတာတောင်ဘဝကိုအရှုံးမပေးကြသူတွေကတော့သူတို့ရဲ့အားနည်းချက်တွေကိုဖန်တီးမှုအဖြစ်ပြောင်းလဲလိုက်ကြတာပဲဖြစ်ပါတယ်။ဘဝကိုအရှုံးမပေးကြတဲ့သူတွေကတော့မသန်ပေမယ့်စွမ်းကြတယ်ဆိုတာကိုသက်သေပြကြတာပဲဖြစ်ပါတယ်။မသန်စွမ်းလူတွေဟာသာမာန်လူတွေလိုပဲဟော်လိုးဝင်းပွဲတော်မှာပါဝင်ဆင်နွဲနေကြပုံတွေဟာလဲလူမှုကွန်ယက်တွေမှာပြန်နှံ့လို့နေတာပဲဖြစ်ပါတယ်။အဲ့ဒီပုံရိပ်တွေဟာပရိသတ်စိတ်ဝင်စားမှုအများဆုံးနဲ့သဘောကျရေးပန်းစားလို့နေတာပဲဖြစ်ပါတယ်။သူတို့ရဲ့ထူးထူးခြားခြားပြင်ဆင်မှုပုံရိပ်တွေနဲ့ဟော်လိုဝင်းပွဲတော်ဆင်နွဲမှုပုံရိပ်တွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။