အားလုံးချစ်တဲ့ ဒါဒါကတော့ အနုပညာအလုပ်တွေ မလုပ်နိုင်သေးတဲ့အကြောင်းကို ကြားရသူ ရယ်ရအခက် ငိုရအခက်ဖြစ်အောင် ပြောလိုက်ပါပြီ။

သားလေးတစ်ယောက်ရအပြီးမှာ ခင်ပွန်းဖြစ်သူအဆိုတော်တစ်ဦးနဲ့ ကွာရှင်းခဲ့ပြီး ခြေလှမ်းတွေငြိမ်နေတဲ့ စိုးမြတ်နန္ဒာကို ဓာတ်ပုံရိုက်ကွင်းလောက်မှာသာတွေ့ရပြီး ကြော်ငြာတွေ၊ ဇာတ်လမ်းတွေမှာ တွေ့ကိုမတွေ့ရတော့တာပါ။

တကယ်လဲ စိုးမြတ်နန္ဒာကိုယ်တိုင်ကိုက အနုပညာအလုပ်တွေမလုပ်ဖြစ်တာကို ဝန်ခံထားပြီး အကြောာင်းရင်းကတော့ သူမရဲ့ခန္ဓာကိုယ်ကြောင့်ပါလို့ ပြောထားပါတယ်။ ဝလဲဝ၊ ရုပ်ကလဲဆိုးနေတာကြောင့် လက်ရှိမှာ အနုပညာအလုပ်တွေ နားထားပြီး ၀ိတ်ချပြီးမှပဲ ဆက်လုပ်ဖြစ်မယ်လို့ ဆိုပါတယ်။

ပရိသတ်ကြီးကရော၊ ဒါဒါ့ကိုဝတယ်ထင်လို့လား..

Source : myanmarcelebrity

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။