ပရိသတ်ချစ်မင်းသမီးချောလေးမေမြင့်မိုရ်ဟာသူရဲ့ချစ်ရတဲ့မောင်လေးနဲ့ပရိသတ်တွေကိုမိတ်ဆက်ပေးလိုက်ပြီးပဲဖြစ်ပါတယ်။မောင်ချောချောလေးပိုင်ဆိုင်ထားတာကြောင့်မိန်ကလေးပရိသတ်တွေရဲ့'ယောင်းမ'လို့ချစ်ခင်စွာစနောက်ခြင်းခံနေရတာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲချစ်စရာကောင်းတဲ့မောင်နှမ၂ယောက်ပုံရိပ်လေးတွေကိုအမျှဝေလျက်ရှိတာပဲဖြစ်ပါတယ်။မေမြင့်မိုရ်ရဲ့မောင်လေးသျှင်းမြတ်ဟာလဲအနုပညာလုပ်ငန်းတွေစတင်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။မေမြင့်မိုရ်ကိုချစ်ခင်အားပေးကြသလိုသူမရဲ့မောင်လေးသျှင်းမြတ်ကိုလဲပရိသတ်တွေချစ်ခင်အားပေးကြမယ်လို့မျှော်လင့်ပါတယ်။

ဒီနေ့မှာတော့ချစ်စရာကောင်းတဲ့မောင်နှမ၂ယောက်ဟာအလန်းစားဖက်ရှင်တွေနဲ့ဓာတ်ပုံရိုက်ကူးမှုလေးပြုလုပ်နေတာပဲဖြစ်ပါတယ်။မေမြင့်မိုရ်တို့မောင်နှမ၂ယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေဟာနိုဝင်ဘာလထုတ်PeopleMagazineအတွက်ရိုက်ကူးပေးနေတာဖြစ်တယ်လို့သိရပါတယ်။မောင်နှမ၂ယောက်ရဲ့တွဲဖက်ညီညီအနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ပရိသတ်တွေရင်ကိုဖမ်းစားနေတာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲမောင်နှမ၂ယောက်ရဲ့ချစ်စရာကောင်းပုံရိပ်လေးတွေနဲ့အတူဘယ်သူကိုပိုချစ်လဲလို့မေးခွန်းလေးထုတ်ထားတာပဲဖြစ်ပါတယ်။မေမြင့်မိုရ်ကိုချစ်တဲ့ပရိသတ်တွေရောယောင်းမတော်ချင်တဲ့ပရိသတ်တွေရောဘယ်သူကိုပိုချစ်လဲဖြေလိုက်ပါအုန်းနော်။ 

လက်တလောအနုပညာလှုပ်ရှားမှုအနေနဲ့မင်းသားချောကြီးဦးကျော်သူကိုယ်တိုင်ဒါရိုက်တာအဖြစ်တာဝန်ယူရိုက်ကူးမယ့်ရုပ်သံဇာတ်လမ်းတွဲလေးတစ်ခုမှာပါဝင်ရိုက်ကူးသွားမှာဖြစ်တယ်လို့သိရပါတယ်။MRTV-4ရုပ်သံဇာတ်လမ်းတွဲလေးနဲ့ပရိသတ်တွေရင်ကိုစတင်ဖမ်းစားခဲ့တဲ့သူမဟာယခုနောက်ထပ်"ပုဂံမြို့သူ"ဆိုတဲ့ဇာတ်လမ်းတွဲလေးကိုရိုက်ကူးပုံဖော်သွားမှာပဲဖြစ်ပါတယ်။မေမြင့်မိုရ်ရဲ့ထူးခြားတဲ့သရုပ်ဆောင်ချက်တွေနဲ့ပုဂံမြို့သူဇာတ်လမ်းတွဲလေးကိုမကြာခင်ပရိသတ်တွေကြည့်ရှုခံစားရတော့မှာပဲဖြစ်ပါတယ်။လက်ရှိမှာရိုက်ကူးထားတဲ့မေမြင်မိုရ်တို့မောင်နှမ၂ယောက်ချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ်-မေမြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။