အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အချစ်တော် မင်းသမီးလည်းဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ ပရိသတ်အချစ်တော် မင်းသားတစ်ဦးနဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေတယ်လို့ သိရပါတယ်။ Myanmar Idol ရဲ့ နာမည်ကျော် အစီအစဉ်တင်ဆက်သူလည်း ဖြစ်သလို မင်းသားတစ်လက်လည်းဖြစ်တဲ့ ကျော်ထက်အောင်နဲ့အတူ ရောက်ရှိလို့နေတာဖြစ်ပါတယ် ပရိသတ်ကြီးရေ။

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဆေးရုံးတစ်ခုဖြစ်တဲ့ Sukumvit Hospital က medical check up အတွက် ဖိတ်ကြားခဲ့တာဖြစ်လို့ သွားရောက်ခဲ့ကြောင်း ပိုင်ဖြိုးသုရဲ့ လူမှုစာမျက်နှာက တဆင့်ယခုလို သိရပါတယ်။

"Sukumvit Hospital က all round mediacal check up လုပ်ဖို့ဖိတ်ကြားတဲ့အတွက် ကျေးဇူးပါရှင့်...

service ကလည်းအရမ်းကောင်း နိုင်ငံတိုင်းအတွက် စကားပြန်တွေထားပေးတော့ ဘာသာစကားအခက်အခဲလည်းမကြုံရတော့ဘူး ." ဆိုပြီး သုသုကတော့ ပြောပြထားပါတယ်။

ဆေးစစ်ဖို့သွားကြရင်း ဘန်ကောက်မြို့ရဲ့ နေရာစုံကိုသွားရောက်ခဲ့ကြသလို ညစာလည်းအတူထွက်စားဖြစ်ခဲ့ပုံကို ကျော်ထက်အောင်က သူ့ရဲ့ facebook မှာ ပုံလေးတွေနဲ့အတူ ယခုလို "အနုပညာမောင်နှမနှစ်ယောက် မနက် โรงพยาบาลสุขุมวิท-Sukumvit Hospital က sponsor ပေးတဲ့ VIP Medical check up မလုပ်ခင် ဝါးတီးဆွဲဖို့စောင့်ရင်း

Photo by - မကြီးသီ Khin Thidar Yee" ရေးသား ထားပါတယ် ပရိသတ်ကြီးရေ....

Source: Kyaw Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။