သားအိမ်ခေါင်းကင်ဆာ ရှိ မရှိကို အလွယ်တကူ မသိနိုင်တာကြောင့် အများစုက ကင်ဆာပထမ အဆင့်ရောက်မှ သိတတ်ကြပါတယ်။ ထို့ကြောင့် အသက် ၂၀ မှ ၃၀ ကြား အမျိုးသမီးသည် ၃နှစ် တစ်ကြိမ် ပုံမှန် စစ်ဆေးသင့်ပြီး အသက် ၃၀ မှ ၆၅ နှစ် ကြား အမျိုးသမီးများသည် ၄နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေး သင့်ပါတယ်။ အမျိုးသမီးများအနေဖြင့် အသက် ၉ နှစ်မှစပြီး ကာကွယ်ဆေးထိုးလို့ ရပါတယ်။ ဆေးလိပ်သောက်သုံးခြင်းနှင့် ဆေးလိပ်ငွေ့ ရှုရှိုက်ခြင်းများကိုလည်း အထူးသဖြင့် ရှောင်ရှားသင့်ပါတယ်။

(၁) မုန်လာဥနီ

မုန်လာဥနီမှာပါတဲ့ ဓာတ်ပေါင်းအများစုက ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကို လွန်စွာ ကောင်းကျိုးပြုပါတယ်။ သားအိမ်ခေါင်းကျန်းမာရေးအတွက် မုန်လာဥနီကို အစိမ်းလိုက် (သို့) ချက်ပြုတ်၍ နေ့စဉ်စားသုံးသင့်ပါသည်။ 

(၂) လက်ဖက်ရွက်

Green Tea (သို့) လက်ဖက်ရွက်ထဲမှာ ရှိတဲ့ ဓာတ်များက ခန္ဓာကိုယ်အတွက် အလွန်အရေးပါသော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းအဖြစ် စွမ်းဆောင်နိုင်တာကြောင့် ကင်ဆာဆဲလ်များ ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်၊ အူမကြီး၊ ဆီးကျိတ်၊ အဆုပ်စတဲ့ ဝေဒနာရှင်များလည်း Green Tea ကို နေ့စဉ် သောက်သုံးပေးသင့်ပါတယ်။

(၃) ပဲသီး (ခေါ်) ပဲတောင်ရှည် နှင့် ဘိုစားပဲ

ပဲသီးနှင့် ဘိုစားပဲတို့တွင် ပါ၀င်သော သဘာဝ ဓာတ်ပစ္စည်းက အဖုအကျိတ်များ ကြီးထွားမှုကို နှောင့်နှေးစေတဲ့အပြင် ကိုယ်ထဲရှိ ဆဲလ်များကို ကင်ဆာဆဲလ်အဖြစ်သို့ ပြောင်းလဲသွားမှုကို ကာကွယ်ပေးနိုင်ပါသည်။

(၄) ဆလပ်ရွက်

ဆလပ်ရွက်အပါအဝင် အစိမ်းရောင် အရွက်များတွင် ပါရှိသာ ဓာတ်သည် ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါသည်။

(၅) ဂျုံကြမ်း

ဂျံုကြမ်းဖြင့် ပြုလုပ်ထားသော အညိုရောင်ပေါင်မုန့်များကို စားပါ။ ဂျံုကြမ်းသည် ကိုယ်ခံ စွမ်းအားကောင်းခြင်း၊ သွေးနီဆဲလ်များကို ထိန်းသိမ်းပေးခြင်း၊ အာရုံခံ အင်္ဂါ အဖွဲ့အစည်းများကို တိုးတက်မြင့်မားစေခြင်းတို့ကို ဖြစ်စေပါတယ်။

(၆) အိုမီဂါ - ၃

ပင်လယ်ငါး စားပေးပါ။ ငါးကြီးဆီထဲမှာ ရှိသော အိုမီဂါ - ၃ ဖက်တီးအက်ဆစ်က သားအိမ်ခေါင်းကင်ဆာ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

(၇) ဗီတာမင်စီ

ဂရိတ် ဖရုသီး အပါအဝင် ဗီတာမင်စီ ပြည့်ဝစွာ ပါရှိသော လိမ္မော်သီး၊ ပန်းငရုပ်ပွ၊ အစိမ်းရောင် ဂေါ်ဖီပန်းများကို စားသုံးပေးခြင်းဖြင့် ကင်ဆာဆဲလ် ဖြစ်နိုင်ချေကို ကာကွယ်ပေးနိုင်ပါတယ်။

(၈) ဗီတာမင်အီး

ဗီတာမင်အီး ကြွယ်ဝတဲ့ မြေပဲ၊ မြေပဲ ထောပတ်၊ မြေပဲဆီ၊ ဗန်ဒါစေ့၊ ဗန်ဒါစေ့ဆီ၊ နေကြာစေ့၊ နေကြာစေ့ဆီ များသည် ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကို ကျန်းမာကြ့ံခိုင်စေပြီး သားအိမ်ခေါင်းဝေဒနာရှင်များအနေဖြင့် ဗီတာမင်အီး ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

ပေါက်ပေါက် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။