မြန်မာနိုင်ငံရဲ့ နာမည်ကြီး ရွှေဆိုင်ကြီးတစ်ဆိုင်ဖြစ်တဲ့ "ရွှေနန်းတော်" ရွှေဆိုင်ကြီးကတော့ အနယ်နယ် အရပ်ရပ်က ဝယ်ယူအားပေးသူတွေ အဆင်ပြေစေဖို့အတွက် ဆိုင်တွေ တိုးချဲ့ဖွင့်လှစ်နေတာ အခုဆိုရင်တော့ နေပြည်တော် မြို့ကြီးမှာလည်း ဆိုင်သစ်ကြီးဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ထိုဆိုင်သစ်ဖွင့်ပွဲကြီးကိုတော့ နာမည်းကြီးထိပ်တန်းအနုပညာရှင်တွေနဲ့ ဖွင့်လှစ်ခဲ့ပြီး လာရောက်အားပေးသူတွေနဲ့ စည်ကားနေခဲ့တာကို တွေ့မြင်ရပါတယ်။

"ရွှေနန်းတော်" ဆိုင်ဖွင့်ပွဲကြီးကို အနုပညာလောကရဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့ ထွန်းအိန္ဒြာဗိုလ် ခိုင်သင်းကြည် ပြေတီဦးနဲ့ အူဝဲ နေတိုး ဟိန်းဝေယံ ဝတ်မှုန်ရွှေရည် ဇေရဲထက် ဖြူဖြူကျော်သိန်း ယွန်းယွန်း အောင်ထက် Project K အဖွဲ့နဲ့ အခြားနာမည်ကြီး မော်ဒယ်အနုပညာတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ လာရောက်အားပေးကြတဲ့ ဧည့်သည်ပရိသတ်တွေကို အဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ ဧည့်ခံခဲ့ကြပြီး ချစ်တဲ့အနုပညာရှင်တွေနဲ့လည်း ဓာတ်ပုံတွဲဖက်ရိုက်ကူးခွင့်ရခဲ့ကြပါတယ်။

ရွှေနန်းတော် ရဲ့ နေပြည်တော်ဆိုင်သစ်ဖွင့်ပွဲကြီးကို နိုဝင်ဘာ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရွှေနန်းတော်ရဲ့ (၆) ဆိုင်မြောက် ဆိုင်ခွဲကြီး ဖြစ်တယ်လို့လည်း သိရပါတယ် ပရိသတ်ကြီးရေ။ ကဲ ပရိသတ်ကြီးလည်း ရွှေနန်းတော်မှာ ရွှေသွားဝယ်ရင်း ကံစမ်းမဲတွေကံထူးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်......

Source: ရွှေနန်းတော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။