စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ နိုင်ငံကျော်အဆိုတော်လေးကတော့ တောင်ကြီးမှာ Sai Cosmetic တစ်နှစ်ပြည့်ပွဲလေးသွားရောက်ကျင်းပနေပါတယ်။ တောင်ကြီးသားလေးကို တောင်ကြီးသူ တွေက ဝက်ဝက်ကွဲအားပေးကြပါတယ်။ Fans တွေ့ဆုံပွဲမှာ နမ်းရင်မပျက်တဲ့ Ultra Matte Kiss Proof Series နှုတ်ခမ်းနီအသစ် အရောင်လေးရောင်ကိုလည်း မိတ်ဆက်ပွဲ လုပ်ခဲ့ပါ သေးတယ်။

ဒီပွဲမှာစိုင်းစိုင်းက Fans တွေနဲ့တရင်းတနှီးရှိပြီး ပျော်ရွှင်စရာပုံရိပ်လေးတွေကိုလည်း မှ တ်တမ်းတင်ထားပါသေးတယ်။ 2 Nov မှာ တောင်ကြီး City Mall က Beauty Diary ဆိုင် မှာကျင်းပခဲ့တာဖြစ်ပြီး ဘယ် Cosmetic ကိုမဆို ဝယ်ယူသူတိုင်းကိုလည်း Fan Singing ထိုးပေး လိုက်တာပဲဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ Fans Meeting ပွဲကြီးပါပဲနော်။

ဒီပွဲမှာစိုင်းစိုင်းနဲ့သူရဲ့အနယ်နယ်အရပ်ရပ်က ပရိတ်သတ်တွေက ဘယ်လိုတွေ တရင်းတနှီး ချစ်ခင်အားပေးကြတယ်ဆိုတာကို ပုံရိပ်တွေကသက်သေပြနေပါတယ်။ ပရိတ်သတ်ကြီးလည်း စိုင်းစိုင်းရဲ့ Fans Meeting ပွဲနဲ့ Ultra Matte Kiss Proof Series နှုတ်ခမ်းနီ အရောင်လေး ရောင်အသစ်မိတ်ဆက်ပွဲကပုံတွေကို ကြည့်ရှုနိုင်အောင် တင်ပေးလိုက်တယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။