ကမ္ဘာ့နံပါတ်တစ်နေရာကျိန်းသေ သွားတဲ့ရာဖေးနာဒယ်


မြေစေးကွင်းဘုရင်စပိန်တင်းနစ်သမားရာဖေးနာဒယ်

ဟာ2017ခုနှစ်အတွက်ကမ္ဘာ့နံပါတ်တစ်နေရာကို

ရရှိဖို့သေချာသွားခဲ့ပါပြီ။နာဒယ်ဟာအခုကျင်းပနေတဲ့

ပါရီမာစတာတင်းနစ်ပြိုင်ပွဲရဲ့ဒုတိယအဆင့်မှာ

တောင်ကိုရီးယားတင်းနစ်သမားဟေရွန်ချောင်ကို

အနိုင်ကစားခဲ့ပြီးဒုတိယနေရာမှာရပ်တည်နေတဲ့

ဖက်ဒါရာကိုအမှတ်အပြတ်အသတ်ဖြတ်ပြီး2017ခုနှစ်ရဲ့

No.1ဖြစ်ဖို့သေချာသွားခဲ့တာပါ။နာဒယ်အနေနဲ့

ဒဏ်ရာပြသနာကနေအချိန်အကြာကြီးရုန်းကန်နေရပြီး

ကမ္ဘာ့နံပါတ်တစ်ပြန်ဖြစ်လာတာအံ့စရာပါ။


နာဒယ်အနေနဲ့ဒုတိယအဆင့်ကိုကျော်ဖြတ်လာခဲ့ပြီး

ဥရုဂွေးကစားသမားပါဘလိုနဲ့တွေ့ဆုံမှာပါ။ပါဗလိုဟာ

အသက်သုံးဆယ့်တစ်နှစ်ရှိတဲ့ငါးနှစ်ကြီးပါတယ်။နာဒယ်

အနေနဲ့ပါဗလိုကိုအလွယ်တကူကျော်ဖြတ်သွားနိုင်မယ်လို့လည်းယူဆရပါတယ်။လက်စွမ်းရော၊အသက်အရွယ်ရော

ကွာနေတာကို။နာဒယ်ဟာဟာဂရင်းစလင်းချန်ပီယံ

16ကြိမ်ရထားပြီးနောက်လမှာကျင်းပမယ့်လန်ဒန်ATPပြိုင်

ပွဲကိုဝင်ရောက်ယှဉ်ပြိုင်မှာပါ။


အဆိုပါပွဲမှာသူ့အနေနဲ့ဖက်ဒါရာနဲ့ပြန်တွေ့ရဖို့ရှိနေပါတယ်။

2016ခုနှစ်ရဲ့ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့သူအန်ဒီမာရေးကတော့

ဒီနှစ်ထဲမှာဒဏ်ရာပြသနာတွေကြောင့်ကမ္ဘာ့နံပါတ်သုံးကိုဆင်း

သွားပါတယ်။ဒါကြောင့်ကမ္ဘာ့နံပါတ်တစ်နေရာမှာနာဒယ်၊

ဒုတိယနေရာမှာဖက်ဒါရာ၊တတိယနေရာမှာအန်ဒီမာရေးနဲ့

၊စတုတ္ထနေရာမှာတော့အလက်ဇန်းဒါးတို့ကအသီးသီး

ရပ်တည်နေကြပါတယ်။2017ခုနှစ်နံပါတ်တစ်ဖြစ်ခဲ့တာကြောင့်နာဒယ်ဟာကမ္ဘာ့နံပတ်တစ်နေရာမှာလေးကြိမ်တိတိရပ်တည်နိုင်ခဲ့ပါပြီ။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။