မြန်မာနိုင်ငံကျေးလက်ဒေသဘက်က လူငယ်လေးတစ်ယောက်က ကိုယ်ပိုင်အစွမ်းအစဖြင့် လေယာဉ်တစ်စီး ဖန်တီးနိုင်ခဲ့ပါတယ်။ လေယာဉ်ကို ပြုလုပ်တဲ့ ၁၉နှစ် အရွယ် ကိုကျော်ဇင်ဝင်းဟာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တောင်ဘက် ကျွန်းကြီးရွာမှာ လက်သမား အလုပ်ကို ပြုလုပ်တဲ့ သူတဦးဖြစ်ပြီး အဆိုပါ လေယာဉ်ကို ခုနှစ်လ ခန့် အချိန်ယူတည်ဆောက် ခဲ့တယ် လို့လည်း သိရပါတယ်။

မောင်ကျော်ဇင်ဝင်းက “အခုလို တီထွင်နိုင်တဲ့ အပေါ်ရွာသားတယောက်အနေနဲ့ဂုဏ်ယူမိတယ်။ ဒါပေမယ့် လိုအပ်ချက်တော့ အများကြီးရှိသေးတာပေါ့။ မြင်ရသလောက်ကတော့ ဒီလောက်လုပ်နိုင်တာ မဆိုးပါဘူး။ ပျံနိုင် မပျံနိုင်တော့မသိဘူး။ ရှေ့တော့လိမ့်တယ်။” လို့ပြောကြားခဲ့ပါတယ်။ လေယာဉ်မှာ ဟွန်ဒါအမျိုးအစား မြင်းကောင်ရေ ၁၆ကောင်အား ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားပြီး လေယာဉ်အလျားမှာ ၁၄ပေ၊ တောင်ပံ ၁၇ပေ ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လေယာဉ်ကို ပျံသန်းနိုင်မှု ရှိမရှိ စမ်းသပ်ရန် မြို့နယ်ထွေအုပ်သို့ စမ်းသပ်မောင်းနှင်ခွင့်ပြုဖို့ စာတင်ထားပြီး ခွင့်ပြုမိန့်ရရှိပါက နိုဝင်ဘာလ ၃ရက်နေ့ လပြည့်နေ့တွင် စမ်းသပ်မောင်းနှင် မည်ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် မောင်ကျော်ဇင်ဝင်းကို လေယာဉ်ပျံသန်းခွင့်မပေးခဲ့ပေ။ ထိုကိစ္စနှင့် ပတ်သတ်၍ အုပ်ချုပ်ရေးမှုး ဦးကြည်နိုင်က လေယာဉ်အနေနှင့်နည်းပညာအရ စိတ်မချရသလို လူပါဝင်မည်ဖြစ်သောကြောင့် အန္တရာယ့်များသောကြောင့် ခွင့်မပြုတာဟု ဖြေကြားခဲ့ပါတယ်။ သို့သော်မောင်ကျော်ဇင်ဝင်းအား လေယာဉ်ပျံသန်းခွင့်ပေးမပေးနှင့်ပတ်သတ်၍ ​လေ​ကြောင်​းပို့​ဆောင်​​ရေး ညွန်ကြားမှု ဦးစီးဌာနမှ တွေ့ဆုံသွားရန် ခေါ်ယူထားကြောင်း ကျွန်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မြင်​့မှတစ်ဆင့် ထပ်မံသိရှိရသည်။

Source - DVB, ပြည်မြန်မာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။