Make Up မေဦးနဲ့ ဟန်လင်းတို့ချစ်သူစုံတွဲဟာဆိုရင် ပရိတ်သတ်တွေချစ်ခင်အားပေးနေတဲ့ လိင်တူစုံတွဲပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဟာ အရမ်းကိုချစ်ကြပြီး Relationship သက်တမ်းကလဲ တစ်နှစ်ကျော်ကျော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ဟန်လင်းဟာ လှိုင်သာယာ သစ်တံခါးကျောင်းတိုက်မှာ သာသနာ့ဘောင်ဝင်နေတာဖြစ်ပြီး ဒီနေ့ တန်ဆောင်မုန့် လပြည့် နေ့မှာ ကျရောက်တဲ့ ဟန်လင်းရဲ့မွေးနေ့မှာ သာသနာ့ဘောင်ဝင်သွားတာပဲဖြစ်ပါတယ်။

မွေးနေ့မှာကုန်ကျမယ့်ပိုက်ဆံတွေကို အပျော်အတွက်မသုံးပဲ လူအယောက် 1000စာ ထမင်း ကြွေးလှူဒါန်းခဲ့တယ်လို့သိရပါတယ်။ တကယ့်ကိုအမွန်မြတ်ဆုံးလုပ်ရပ်မို့ သာဓုခေါ်ဆိုထိုက်ပါ တယ်။ မွေးနေ့စတုဒီသာအလှူအဖြစ်နဲ့ ကြက်သားဟင်း၊ ပဲကုလားဟင်း၊ ဘဲဥချဉ်ဟင်း နဲ့ ငါး ပိကြော်တို့ကို လှိုင်သာယာသစ်တံခါးကျောင်းတိုက်မှာ နေ့ဆွမ်းကပ်လှူခဲ့တာပဲဖြစ်ပါတယ်။ မင်္ဂလာအရှိဆုံးနဲ့ ကျက်သရေအရှိဆုံး မွေးနေ့လေးဖြစ်သွားတာပေါ့ ပရိတ်သတ်ကြီးရေ။

မေဦးကလည်းပါရမီဖြည့်ဖက်ကောင်းပီသစွာနဲ့ ဟန်လင်းဖြစ်ချင်တဲ့ ဆန္ဒကောင်းလေးတွေကို ဖြည့်စည်းပေးတဲ့သူပါ။ နှစ်ယောက်လုံး ထာဝရပျော်ရွှင်စွာပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်း ပေးလိုုက်ပါတယ်နော်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာရှိတဲ့ကောင်းမှုတွေကို ပြုလုပ်နေတဲ့ ပုံရိပ် တွေကို ပရိတ်သတ်ကြီးဆီအရောက်ပို့ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။