အလိန်းအန်ဂါလာနီတာတာမီပြခဲ့ရတဲ့ပွဲ


တာတာမီဆိုတာကြမ်းခင်းကိုလက်နဲ့ပုတ်ပြပြီး

အရှုံူးပေးတာကိုခေါ်တာပါ။မနေ့ညကကျားသစ်နက်

ကြီးအလိန်းအန်ဂါလာနီမြန်မာစပါးအုံးမြွေအောင်လရဲ့

guillotine choke နဲ့ခေါင်းကိုအချုပ်ခံရပြီး

ဘယ်လိုမှရုန်းလို့မရလို့ရှုံးသွားခဲ့ရပါတယ်။

ဒီပွဲအပေါ်အမြင်အမျိုးမျိုးရှိလာပါတယ်။ပွဲကအစောကြီး

ပြီးသွားတဲ့အတွက်ပေါ့။


ဂါလာနီမနေ့ညကပွဲကိုရှုံးသင့်ရှံုးထိုက်လို့ကို

ရှံုးတာပါ။ဂါလာနီဟာအောင်လထက်ဗလကြီးပေမယ့်

လည်းMMAအတွေ့အကြံုမှာအောင်လထက်နိမ့်ပါး

ပါတယ်။One Championship ခြောက်ပွဲသာ

ထိုးသတ်ဖူးပြီးသုံးပွဲနိုင်သုံးပွဲရှံုးထားပါတယ်။

နောက်တစ်ချက်ကStand Fight ကို

အောင်လနဲ့ခပ်ခွာခွာအနေအထားကနေထိုးရမယ့်

အစားအောင်လနဲ့ကပ်သွားတာပါ။ကပ်လို့ကတော့

အောင်လကချုပ်လိုက်မှာပါပဲ။



ဂျူဂျစ်ဆု၊ဂျူဒိုစတဲ့ကိုယ်ခံပညာရပ်တွေကိုတစ်ဖက်ကမ်းခတ်

ကျွမ်းတဲ့အောင်လဟာသူ့အကွက်ထဲဝင်လာတဲ့ဂါလာနီကို

ပထမအချီလေးမိနစ်အကြာမှာပဲအပီချုပ်နိုင်လိုက်ပါတယ်။

Ground Fightအားသာတဲ့အောင်လဟာဂါလာနီရဲ့

ခေါင်းကိုသူ့လက်နဲ့ပြုတ်တူနဲ့ညပ်သလိုညပ်ထားလိုက်ပါတယ်။

ဂါလာနီလုံးဝလှုပ်လို့မရပါဘူး။Guillotine choke ချုပ်ခံ

ရတဲ့ဂါလာနီစက္ကန့်နည်းနည်းပိုကြာရင်မူးမေ့၊ဒါထက်နည်း

နည်းပိုကြာရင်အသက်တောင်ပျောက်သွားနိုင်ပါတယ်။

အောင်လဒီတစ်ကြိမ်မှာလည်းမြန်မာ့ဂုဏ်ဆောင်ခဲ့ပြန်ပါပြီ။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။