လူငယ်ကြိုက်ဟစ်ဟော့အဆိုတော်တစ်ဦးဖြစ်တဲ့ နိုင်းဝမ်းကတော့ အိမ့်ချစ်ရဲ့တစ်ကိုယ်တော်ရှိုး ပွဲကို မလာနိုင်တော့တဲ့ အတော်လေး စိတ်မကောင်းဖြစ်သွားပုံရပါတယ်။

ကမ္ဘာငယ်လေးသီချင်းမှာ အဆိုတော် အိမ့်ချစ်နဲ့ အတူ Rap နေရာမှာ ပါ၀င်သီဆိုထားပြီး ပရိသတ်တွေရဲ့ အားပေးမှုရရှိထားတဲ့ သီချင်းတစ်ပုဒ်လို့ဆိုနိုင်ပါတယ်။

ရက်ပ် စာသားအလန်းတွေနဲ့အတူ လူငယ်တွေရဲ့ ခံစားချက်နဲ့တိုက်ဆိုင်တဲ့ သီချင်းလေးတွေဖန်တီးသီဆိုတတ်တဲ့ နိုင်းဝမ်း တစ်ယောက် နိုုဝင်ဘာလ(၃)ရက်က သူ့ရဲ့ လူမှုကွန်ရက်မှာ မေမြို့ကနေ ရန်ကုန်ပြန်လာမယ့် လေယာဉ်ချိန်မမီတော့တာကြောင့်သူ့အခက်အခဲကို အခုလိုပဲ ရေးသားထားပါတယ်။

ရန်ကုန်ကပရိတ်သတ်တွေရော၊ ညီမလေးအိမ့်ချစ်ကိုရော၊ MNTV စောင့်ကြည့်နေတဲ့ပရိတ်သတ်တွေကိုရော အနူးအညွတ်တောင်းပန်ပါတယ်

""ပြင်ဦးလွင်မှာဆိုပြီးချင်းချင်း ညနေ၅နာရီအတိမှာစထွက်လာတယ်၊ လေဆိပ်ကိုလဲဖုန်းဆက်ပြီးလေယာဉ်Check in ဝင်ခိုင်းထားပြီးသား၊ လေယာဉ်မှီအောင်ဆိုပြီး ဘာပစ္စည်းမှမယူပဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဆိုင်ကယ်နဲ့ကိုဆင်းလာတာ၊ ရ:၄၀ တက်မဲ့လေယာဉ်ကိုလဲမှီတယ်၊ ရ:၂၅မှာ မန္တလေးလေဆိပ်ရောက်တော့ လေဆိပ်လုံခြုံရေးတွေက နောက်ဆုံးလေယာဉ်ချက်အင်အချိန်ကျော်ပြီဆိုပြီးလေဆိပ်တံခါးတွေအားလုံးပိတ်ထားတာတောင့် လေဆိပ်ထဲဘယ်လိုမှဝင်လို့မရခဲ့ဘူး..

လေယာဉ်တက်သွားတာကအစ မျက်စိရှေ့မှာ..မြင်နေရပြီးမလိုက်သွားရတဲ့ဘဝ

အဓိကအကြောင်းရင်းကတော့ ပြင်ဦးလွင်-မန္တလေးလမ်းမှာ လပြည့်နေ့ကားတွေပိတ်ပြီးဘယ်လိုမှကိုမောင်းမရလို့ပါ

အချိန် ၅မိနစ်ဆိုတာ ဘယ်လောက်တန်ဖိုးကြီးလဲကောင်းကောင်းကြီးနားလည်သွားပြီ

နောက်ဆို ဘယ်တော့မှအလုပ်လောဘမကြီးတော့ပါဘူး..

အဆိုတော်ဘဝမှာ ဘယ်တုန်းကမှလက်ခံထားပြီးသားပွဲကို တစ်ပွဲမှမပျက်ခဲ့ဖူးဘူး..

ဒီနေ့မှပထမဆုံးပျက်ကွက်ခဲ့မိတာကြောင့် တော်တော်လေးလဲစိတ်မကောင်းဖြစ်မိနေလို့ အခုထိမန္တလေးလေဆိပ်ရှေ့မှာ ဘယ်ပြန်သွားလို့သွားရမှန်းမသိ၊ ဘယ်မှာအိပ်လို့အိပ်ရမလဲမသိ၊ ဘယ်နေ့ပြန်လို့ပြန်ရမှန်းမသိအောင်ဖြစ်နေတယ်ဗျာ

စိတ်ထဲမှာအဲလိုထင်နေလို့ ဒိုက်ဦးမြို့ပွဲ စရံမယူထားပဲ ပြန်ဖျက်လိုက်တာ အဆိုးထဲကအကောင်း တော်တော်ကံကောင်းသွားတယ်ဗျာ ""

ရန်ကုန်ကပရိသတ်တွေကတော့ အိမ့်ချစ်ရှိုးပွဲမှာ နိုင်းဝမ်းမပါတဲ့အတွက် ပေါ့ပျက်ပျက်ကြီးဖြစ်နေတယ်ဆိုပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။  

Source :Kyaw Zin Latt fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။