အနုပညာလောကရဲ့ တစ်ချိန်က ဒိတ်ဒိတ်ကြဲ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ခဲ့ရုံသာမက ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားသူလည်းဖြစ်သူကတော့ နန္ဒာလှိုင် ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ကိုဇေသီဟ နဲ့ လက်ထပ်ခဲ့ပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့တဲ့ သူမဟာ သမီးတွေရဲ့ မိခင်အဖြစ် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်လို့နေတာတွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ကျွန်တော်တို့ချစ်တဲ့ မနန္ဒာလှိုင်ရဲ့ (၄၃) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့အတွက် စိတ်ကျန်းမာရေးဆေးရုံမှာ ကုသိုလ်ကောင်းမှုပြုခဲ့တဲ့ နန္ဒာလှိုင်ဟာ ချစ်ခင်ပွန်းဆီက ကဗျာတစ်ပုဒ်လက်ဆောင်ရခဲ့ပါတယ်။ ပရိသတ်အများစုကတော့ အားကျချီးကျူးနေကြတာတွေ့ပါတယ်။ ဒီကဗျာလေးကတော့........

"ကဗျာတစ်ပုဒ်ကို ချရေးကြည့်တယ်။

မင်းရဲ့ ဖွဲ့စည်းမှုလောက် မပြေပြစ်ဘူး။

တေးသီချင်းကို ဖွဲ့ဆိုလိုက်တယ်။

မင်းရဲ့ နှုတ်ဖျားက အသံလောက် နားထောင်မကောင်းဘူး။

ပန်းချီတစ်ကားကို ရေးဆွဲကြည့်လိုက်တယ်။

မင်းရဲ့ ကောက်ကြောင်းတွေလောက် မညက်ညောဘူး။

ပန်းတပွင့်ကို နမ်းရှိုက်ကြည့်တယ်။

မင်းရဲ့ ပါးပြင်လောက် မနူးညံ့ဘူး။

လမင်းကြီးကို ငေးကြည့်လိုက်တယ်။

မင်းရဲ့ မျက်နှာပြင်လောက် မအေးချမ်းဘူး။

တော်သေးတာပေါ့.. ၄၃ နှစ်မို့လို့

၁၆ နှစ်သမီးတုန်းကသာ ငါတွေ့ခဲ့ရင် မနက်ဖြန် သွားလှူမဲ့ စိတ္တဇဆေးရုံကို

ငါအရင်ရောက်နိုင်တယ်။

တော်ပါပြီကွာ..သူ့ဘေးနားသွားအိပ်ပြီး

အနားမှာ ခိုးပြီး ရင်ခုန်တော့မယ်။

သမီး ၃ ယောက်အမေ ရဲ့ ၄၃ နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရ

(ကဗျာတွေရေးလို့မရတော့လို့ ပါ။)" ဆိုပြီး ဖွဲ့ဆိုထားပါတယ်။ ထို ကဗျာလေးအောက်မှာတော့ ချစ်ဇနီးဖြစ်သူ နန္ဒာလှိုင်က အသည်းပုံလေးပေးထားတာကို ကြည်နူးဖွယ် တွေ့ရပါတယ် ပရိသတ်ကြီးရေ.......

Source: Zay Thiha 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။