တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော်မလေး ဂျင်းနီဟာ သူမရဲ့ မွေးနေ့အလှူအဖြစ် သံဃာတော် အပါး(၁၀၀)ကို ဆွမ်းကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။ မွေးနေ့အလှူအဖြစ် နိုဝင်ဘာ(၂)ရက်နေ့က မဟာသိမ်တော်ကြီးဘုန်းကြီးကျောင်းတိုက်မှာ အသက်(၃၀)ပြည့် မွေးနေ့အလှူအဖြစ် လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။ သူမအနေနဲ့ ပျော်စရာမွေးနေ့တွေအများကြီးကို ဖြတ်သန်းခဲ့ဖူးပေမယ့် ဒီနှစ်မွေးနေ့ကတော့ ကြည်နှုးပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်..။ အဲ့ဒီအကြောင်းကို အဆိုတော်မလေး ဂျင်းနီ က သူမရဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

“ပျော်စရာမွေးနေ့ပွဲတွေ အများကြီးဖြတ်သန်းခဲ့ဖူးပါတယ် ဒီနှစ်မွေးနေ့ကတော့ ခါတိုင်းနှစ်တွေနဲ့မတူတဲ့ ပျော်ရွှင်ကြည်နူးမှုလေးပါပဲ၊ သိမ်တော်ကြီးဘုန်းကြီးကျောင်းမှာ ဘုန်းကြီးအပါး၁၀၀ကို နေ့ဆွမ်းကပ်လှူခဲ့ပါတယ်။ ဒီးဒါနဲ့မာမီးပေးတဲ့ မွေးနေ့လက်ဆောင် ပီတိအပြုံးတွေက သမီးအတွက် အလိုချင်ဆုံးနဲ့ အပြည့်စုံဆုံးလက်ဆောင်လေးပါ။ မိဘနှစ်ပါးရဲ့ ကျေးဇူးကို အပြည့်အဝ ဆပ်နိုင်တဲ့ သမီးကောင်းရတနာတယောက်ဖြစ်ပါစေ။ ဒီနေ့ဒီချိန်ထိ သမီးလေးကို နွေးထွေးတဲ့ မေတ္တာတွေနဲ့ ပဲ့ကိုင် သွန်သင် ဆုံးမ ပေးခဲ့တဲ့ အဖေနဲ့အမေကို ကျေးဇူးများကြီးတင်ပါတယ်။

အလှူအတွက် အစအဆုံး ကူညီပေးတဲ့ ဦးအောင်နဲ့အန်တီကေသီ ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင့်” လို့ ရေးသားထားတာ တွေ့ရပါတယ်..။ သူမရဲ့ ပို့စ်အောက်မှာတော့ အနုပညာရှင်များမိတ်ဆွေ သူငယ်ချင်းများနဲ့ ပရိသတ်တွေက မွေးနေ့ဆုတောင်းစကားများ ပြောထားတာတွေ့ရပါတယ်..။

တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော်ဂျင်းနီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူမရဲ့ မြန်မာသက္ကရာဇ်နဲ့ မွေးနေ့ရက်ကိုလည်း သူမရဲ့ fb စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေကို ပြောပြထားတာတွေ့ရပါတယ်..။ အဆိုတော်မလေး ဂျင်းနီဟာ ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်..။ ငယ်စဉ်ကတည်းက TV အစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီး “(၃၈)ဖြာ မင်္ဂလာ ပုံပြင်” နဲ့ “မြန်မာစာ မြန်မာစကား” အစီအစဉ်တွေမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။ ထို့ပြင် အငြိမ့်ပွဲတွေမှာလည်း မင်းသမီးအဖြစ် ပါဝင်ဖျော်ဖြေပြီး မြန်မာ့အကကို ပိုင်နိုင်အချိုးကျစွာ ကပြနိုင်သူလည်း ဖြစ်ပါတယ်..။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေသိပ်မတွေ့ရပေမယ့်လည်း ရှိုးပွဲတွေ သီဆိုဖျော်ဖြေနေတယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။