ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူဟာ မသိုးရွှေသင်္ကန်းကို (၁၀)နှစ်ဆက်တိုက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။ နှစ်စဉ် ဗိုတစ်ထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှာ ဝဏ္ဏပဘာ ယက္ကန်းစင်တော်နှင့် မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်…။ ထိုသို့ နှစ်စဉ်လှူဒါန်းခဲ့ရာ နိုဝင်ဘာ(၃)ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ (၁၀)နှစ်တင်းတင်းပြည့်သွားခဲ့တာ ဖြစ်ပါတယ်..။ လှူဒါန်းမှုများကို မကြာခဏ ပြုလုပ်လေ့ရှိတဲ့ ခန့်စည်သူဟာ အဲ့ဒီအကြောင်းကို ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

အဲ့ဒီအကြောင်းကို ခန့်စည်သူက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလိုရေးသားထားပြီး ပြန်လည် မျှဝေထားပါတယ်..။ “ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင် ဝဏ္ဏပဘာ ယက္ကန်းစင်တော်ဖြင့် မသိုးရွှေကြာသင်္ကန်း ယက်လုပ်ပူဇော်လှူဒါန်းခဲ့သည်မှာ ယနေ့ ကျရောက်သောတန်ဆောင်မုန်းလပြည့်ဆိုလျှင် (၁၀)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ လှူဒါန်းမှုအစုစုတို့အတွက် (၇)သား၊သမီး အပေါင်းတို့အား ကုသိုလ်မျှဝေပါတယ်။ နတ်၊လူ သာဓုခေါ်စေသော် ။ ။” လို့ fb စာမျက်နှာမှာ ရေးသားထားပြီး ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။ သူ့ရဲ့ ပို့စ်အောက်မှာတော့ အနုပညာရှင်များနှင့် ပရိသတ်တွေကလည်း ပြန်လည်ပြီး သာဓုခေါ်ကာ ဆုတောင်းစကားများ ပြန်လည်ပြောထားတာ တွေ့ရပါတယ်..။

ခန့်စည်သူဟာ လှူဒါန်းမှုများကို မကြာခဏပြုလုပ်လေ့ရှိပြီး ပရဟိတများမှာလည်း ပါဝင်ဆောင်ရွက်မှုများ ပြုလုပ်လေ့ရှိတာတွေ့ရပါတယ်..။ နှစ်ပေါင်းများကတည်းက ယနေ့ချိန်ထိ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ခန့်စည်သူဟာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ ပြည်သူချစ် အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်..။ ခန့်စည်သူဟာ (၂၀၀၂)ခုနှစ်မှာ “အများနှင့်မသက်ဆိုင်သောသူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ဖြင့် အကယ်ဒမီဆု ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။ လတ်တလောမှာတော့ အခမ်းအနားပွဲများတတ်ရောက်ခြင်းနှင့် ဇာတ်ကားများ ရိုက်ကူးနေပြီး နိုဝင်ဘာယ(၃)ရက်နေ့မှာ စတင်ရုံတင်ပြသတဲ့ “မယားကြောက်ရွာ” ဟာသရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။