ပြည်သူ့အချစ်တော်လေး မအေးသောင်းဟာ သူမရဲ့ အားလပ်ရက်လေးမှာ ခရီးတိုလေး တစ်ခုသွားခဲ့တယ်လို့ ဆိုပါတယ်..။ နိုဝင်ဘာ(၃)ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ နေ့ချင်းပြန်ခရီတိုလေးသွားခဲ့တာဖြစ်ပါတယ်..။ ကျိုက်ထိုနား နန်းရဂုံအပန်းဖြေစားသောက်ဆိုင်ကို သွားလည်တယ်.။ ငှက်ကလေးတွေနဲ့ ဓါတ်ဖမ်းတယ်..။ စာအုပ်ထိုင်ဖတ်ပြီး အစားအသောက်ဆန်းဆန်းပြားပြားတွေလည်း မှာစားခဲ့တယ်လို့ သူမက ဆိုပါတယ်..။ ပျော်ရွှင်စရာ ခရီးတိုလေး ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်..။

သူမရဲ့ နေ့ချင်းပြန် ခရီးတိုလေးအကြောင်းကို ပရိသတ်တွေကို အခုလို ပြန်လည်မျှဝေထားပါတယ်..။ “တန်ဆောင်မုန်းလပြည့်နေ့မှာ ကိုယ်သွားခဲ့တဲ့

နေ့ချင်းပြန်ခရီး။ ကျိုက်ထိုနားက နန်းရဂုံအပန်းဖြေစားသောက်ဆိုင်ကို သွားလည်တယ်။ ငှက်ကလေးတွေ နဲ့ ဓါတ်ဖမ်းတယ်။ စာအုပ်တစ်အုပ်ထိုင်ဖတ်ခဲ့တယ်။ အစားအသောက် ဆန်းဆန်းပြားပြားတွေ မှာစားခဲ့တယ်။

ပုဇွန်နတ်သမီးချက်၊ ကျွဲကောသီးအုန်းနို့သုပ် ၊ ငါးနှစ်ရောင်ခြယ် စားခဲ့တယ်။ သိပ်ကောင်းတယ်။ ခုတော့ ဗိုက်တင်းပြီး မှေးတော့မယ်။” လို့ ရေးသားထားပြီး ဓာတ်ပုံလေးတွေနဲ့ အတူ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

ပြည်သူ့အချစ်တော် မအေးသောင်းဟာ အနုပညာအလုပ်တွေနဲ့ အချိန်တစ်ခုအထိ ဝေးကွာနေပေမယ့်လည်း မြန်မာဝတ်စုံလေးတွေ ဆင်မြန်းဝတ်ဆင်ပြီး ပရိသတ်ချစ်ခင်အားပေးမှုကိုူ တစ်ကျော့ပြန် ပြန်လည် ရရှိခဲ့ပြီး အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်နေဆောင်နေတာ တွေ့ရပါတယ်..။ သူမဟာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးအနေနဲ့လည်း ပိုးထည်တိုက်ကို ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်..။ အနုပညာလှုပ်ရှားမှုတွေတွေအနေနဲ့ကတော့ အခမ်းအနားပွဲများတတ်ရောက်ပြီး ဇာတ်ကားများ ရိုက်ကူးနေတယ်လို့ သိရပါတယ်..။ ကြော်ငြာများလည်း ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်..။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နှစ်ဘ၀ သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။