အနုပညာလောကထဲ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ နေတိုးပါဝင်ထားတဲ့ "တာတေကြီး" ဇာတ်ကားကတော့ ပရိသတ်တွေကြား စိတ်ဝင်စားမှု ရရှိလို့ထားပါတယ်။ "မာမီရှိန်း" ဇာတ်ကားမှာတည်းက မိန်းမလျာ ဇာတ်ရုပ်ကို သဏ္ဍာန်လုပ်သရုပ်တူ သရုပ်ဆောင်နိုင်ခဲ့တဲ့ နေတိုးကို ဒီဇာတ်ကားကြီးမှာလည်း မိန်းမလျာတစ်ယောက် အနေနဲ့ထပ်မံမြင်တွေ့ရမှာ ဖြစ်ပါတယ်။

နာမည်ကြီး တမလ်ဇာတ်ကားတစ်ကားကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ မတရားအသတ်ခံခဲ့ရတဲ့ မိန်းမလျာတစ်ဦးအကြောင်းကို အဓိကထားရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုးကို မိန်းမလျာပုံစံ ဝတ်စားဆင်ပြင်ယင်မှုအတွက် ဒီဇိုင်နာ မင်းသက်စံက တာဝန်ယူ ချုပ်လုပ်ပေးခဲ့တာဖြစ်ပြီး တာဝန်ကျေအောင် ဆောင်ရွက်ပေးခဲ့ပုံကို ဒီဇိုင်နာမင်းသက်စံက သူ့ရဲ့ လူမှုစာမျက်နှာမှာ ယခုလိုရေးသားထားတာတွေ့ရပါတယ်။ 

"တာတာ ဆိုတာအိနြေရှိရှိ သိက္ခာရှိရှိ မိန်းမရှာတယောက်ပေါ့။။ပြီးတော့ သူဌေးမ ....မိန်းမရှာဖြစ်ရမယ်တဲ့။ ထက်မြတ်မယ် မာနရှိရမယ်တဲ့ ။မိတ်ကပ်ပြင်စားပေမယ့် ချမ်းသာလာပြီး ကိုယ်ပိုင်မြေဝယ် ပရဟိတလုပ်မယ့် မိန်းမရှာတယောက်ပေါ့ ။ဆင်ပေးတာမဟုတ်ရင်လဲ မိန်းမရှာတွေ ဝိုင်းဆဲတာခံရဦးမယ် ။ကိုနေတိုး

မလှရင်လဲ သူ့ပရိတ်သတ် ကကိုယ့်ကိုပြောကြတာခံရမှာ ။

တချို့အခန်းတွေဆို ရင်ဖုံးနဲ့ထမိန်နဲ့ ခုန်ဆွထိုးကြိတ် နေတာလဲပါတယ် အဲ့အချိန် အကျႌ ပြဲမလား လုံချည်လန်သွားမလား စိတ်ပူရတာအမော။ အပ်ချုပ်စက်တွေ ကိုသယ်ပြီးရိုက်ကွင်းလိုက်။ မိန်းမလျာ ဇာတ်မို့ မိန်းမနဲ့ တူသွားမှာလဲကြောက် ။မိန်းမကိုယ်လုံးနဲ့လဲမတူချင် ။

ရင်ဖုံးအကျႌနဲ့ fighting ခန်းတွေဆို ခြေထောက်ကန်လို့ရအောင် လက်မြောက်လို့ရအောင်မျိုးစုံ တွေးခဲ့ရတာ ။

ပြီးတော့ ၂၀၁၅ ကချုပ်တာ ၂၀၁၇ မှပြမှာဆိုတော့ 2017 မှာထိမရိုးတဲ့ပုံလေးတွေကိုရွေးချုပ်ရတာ။မိန်းမရှာ တွေလဲ သိက္ခာမကျအောင် ဒါရိုက်တာလဲကြိုက်အောင် ကိုယ့်အကိုမင်းသားနဲ့လဲ လိုက်အောင် နားကပ် လက်သည်းနီ ဖိနပ် ဆွဲကြိုး အားလုံးအကုန်စီစဉ်ပေးရတာ ။

ကိုယ့်အကျႌတွေကိုဖြဲ တာမြင်ဖူးတာဒါပထမဆုံးပဲ။ ဖြဲလဲဖြဲကြ သွေးတွေလဲပေအောင်လုပ် ရွံတွေလဲလူး မြေကြီးပါမြုတ်ကြတော့ တချို့ဝတ်စုံတွေဆို နှစ်စုံချုပ်ထားရတာ။

ဒါရိုက်တာကလဲ သူ့ဇာတ်ရုပ်ပီပြင်ဖို့အဘက်ဘက်ကအားစိုက် ။ကိုနေတိုးကလဲ သရဲဝင်ပူးတာပီပြင် ။ မေဦးနဲ့ သူ့တပည့်ကလဲ သူ့ဆံပင်တွေ ပွလို့ သွားသွားဖီးရတာအမော။နှတ်ခမ်းမွေးပျောက်အောင် ဖျောက်ရတာကတမျိုး။ ယောကျားလေးခန်းဆို လက်သည်းတွေ ဆိုးထားတာပြန်ဖျက် ။ မိန်းမရှာခန်းဆိုလက်သည်းနီပြန်ပြန်ဆိုး။ကိုနောင်ကလဲ ပိုးတွေ နဲ့အရောင်တွေရွေး ရိုက်ကွင်းရောက်မှ ဟိုဟာလိုပြေးချုပ် ဒီဟာလိုပြေးဝယ်နဲ့ သူလဲမော။ ကျွန်တော်ကလဲ သရဲမကြည့်ရဲတဲ့ကြားက ကိုယ့် ဝတ်စုံဘက်က လစ်ဟင်းသွားမှာစိုးလို့ မော်နီတာပြေးကြည့်ရ မှတ်ရတာအမော။

အော် မနေ့ကဇာတ်ကားကြည့်ပြီးမှ သက်ပြင်းချမိတယ် ။ ငါတာဝန်ကျေပါတယ်လို့ စိတ်ဒုံးဒုံးချနိုင်တော့တယ်။အတွေ့အကြုံတွေလဲအများကြီးရခဲ့တယ်။ သရဲကြောက်တက်တဲ့ကျွန်တော် ......သရဲကားအတွက် designer တယောက်တာဝန်ကျေပြွန် ပါပြီဗျာ။ အားလုံးကျေနပ်ကြလိမ့်မယ်လို့မျော်လင့်လျက်..........." ဆိုပြီး နေတိုးရဲ့ တာတာ ဘဝပုံရိပ်တစ်ချို့ကို ဖော်ပြထားပါတယ် ပရိသတ်ကြီးရေ.....

Source: Min Thet San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။