အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက် များစွာသော ပရိသတ်တို့ရဲ့ အချစ်တော် နာမည်ကြီး မင်းသားတစ်ဦးရဲ့ ချစ်ဇနီး သားသမီးနှစ်ယောက်အပေါ် တာဝန်ကျေပွန်တဲ့မိခင် ဂျူနီယာ အနုပညာရှင်တွေက အားကျစံထားရတဲ့သူမ ကတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင် ဖြစ်ပါတယ်။ ဒွေး လွင်မိုး စတဲ့ မင်းသားတွေ ခေတ်ထဲက အောင်မြင်ခဲ့တဲ့ သူမဟာ ယနေ့ ပြေတီဦး နေတိုးစတဲ့ မင်းသားတွေ ခေတ်ရောက်သည့်တိုင် လျှမ်းလျှမ်းတောက် အောင်မြင်နေဆဲဖြစ်ပါတယ်။

ယခုလတ်တလော လူမှုစာမျက်နှာထက်မှာတော့ အူဝဲရဲ့ ပြက္ခဒိန်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကတော့ ပရိသတ်တွေကြား ရေပန်းစား ပျံ့နှံ့လို့နေပါတယ်။ ထိုဓာတ်ပုံတွေကတော့ နာမည်ကြီး စိန်ရွှေရတနာဆိုင်တစ်ခုဖြစ်တဲ့ "Platinum Garden" ရဲ့ ၁၂ နှစ်ပြည့်အထိမ်းအမှတ်အတွက် ပြက္ခဒိန် ရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ အူဝဲ တစ်ယောက် ကားရိုက်တွေ ခေတ္တနားထားပြီး ကြော်ငြာ ဓာတ်ပုံအချို့နဲ့ ပွဲတွေလောက်ပဲ တက်ဖြစ်နေတာတွေ့ရပါတယ်။ လက်ရှိရုံတင်နေဆဲဖြစ်တဲ့ "ရင်ဘတ်ထဲက ဓား" ဇာတ်ကားကတော့ ကြောက်ခမန်းလိလိ အောင်မြင်နေပြီး လက်မှတ်ပင် ဝယ်လို့မရလောက်အောင် ရုံပြည့်ရုံလျံအားပေးနေကြတာတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကို ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင် ဖြစ်စေမယ့် ဇာတ်ကားဖြစ်တယ်လို့ ကြည့်ပြီးသူတိုင်းဟာလည်း မှတ်ကျောက်တင်ထားကြပါတယ် ပရိသတ်ကြီးရေ....

Source: Platinum Garden

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။