အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အချစ်တော် မင်းသမီးတစ်လက်လည်း ဖြစ်တဲ့ ရွှေမှုန်ရတီ ကတော့ လက်ရှိမှာ နာမည်ကြီး ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လို့နေပါပြီ။ သူမဟာ အမြဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်ပြီး ပရိသတ်တွေနဲ့ ခင်မင်ရင်းနှီးစွာ နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိ လူမှုကွန်ယက်ပေါ်မှာတော့ ရွှေမှုန်ရတီရဲ့ ဓာတ်ပုံအသစ်တွေဟာ ရေပန်းစားလို့နေပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းကမှ ရွှေမှုန်ဟာ သူမရဲ့ ရေကူးနေတဲ့ ဓာတ်ပုံအချို့ကို သူမရဲ့ လူမှုစာမျက်နှာကနေတဆင့် "Believe in yourself " ဆိုတဲ့ caption လေး ရေးသားပြီး တင်ခဲ့ပါတယ်။ တခဏအတွင်းမှာပဲ ဒီဓာတ်ပုံတွေကို မီဒီယာတွေက ဖော်ပြခဲ့ကြပြီး ပြန်လည် share လုပ်သူတွေလည်း များပြားနေပါတယ်။

လတ်တလောမှာတော့ ရွှေမှုန်တစ်ယောက် အနုပညာအလုပ်တွေကို အားစိုက်လုပ်ကိုင်နေတာတွေ့ရပါတယ်။ ရွှေမှုန်ဟာ ယခုနှစ်အကယ်ဒမီအတွက် ပရိသတ်တွေ အကယ်ဒမီမှန်းထားကြသူတွေထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ "ချိုမြိန်သော လက်စားချေခြင်း" "ဝိညာဉ်ကကြိုး" စတဲ့ ရုပ်ရှင်ကားကြီးတွေဟာ သူမအတွက် အကယ်ဒမီ ရွှေမှုန်ရတီဖြစ်လာနိုင်တယ်ဆိုပြီး ပရိသတ်တွေကလည်း မှန်းဆထားကြပါတယ်။ 

Source: Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။