လူရွှင်တော်ဒိန်းဒေါင်ဟာဘာသာရေးကုသိုလ်ရေးလုပ်ငန်းတွေကိုအားစိုက်ပြီးလုပ်ကိုင်လာတာတွေ့မြင်နေရတာပဲဖြစ်ပါတယ်။လူရွှင်တော်အစည်းအရုံးဥက္ကဌလဲဖြစ်သလိုကုသိုလ်ရေးမှာလဲလက်မနှေးတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။သက်ကြီးရွှယ်အိုလူရွှင်တော်များကိုပူဇော်ကန်တော့ပွဲတွေလက်ရှိလူရွှင်တော်တွေရဲ့အခက်ခဲတွေဘုရားကျောင်းကန်စတဲ့ကုသိုလ်ရေးတွေကိုဦးစီးဦးဆောင်လုပ်နေတဲ့ပရိသတ်အချစ်တော်သူတော်ကောင်းတစ်ယောက်လို့ဆိုရင်လဲမမှားနိုင်ပါဘူး။

ဒီတစ်ခေါက်မှာလဲမိခင်ဖြစ်သူနဲ့အတူတန်ဆောင်တိုင်နိဗ္ဗာန်ဈေးပွဲတော်မှာဆန်လှူဒါန်းနေတာပဲဖြစ်ပါတယ်။သူရဲ့လူမှုကွန်ယက်မှာလဲ"နိဗ္ဗန်ဈေးပွဲတော်မှာကျွန်တော့်အမေနဲ့အတူဆန်ဝေနေပါတယ်သာဓုခေါ်ပါ"ဆိုပြီးပရိသတ်တွေအတွက်မျှဝေထားတာပဲဖြစ်ပါတယ်။ကျေးဇူးရှင်ပရိသတ်တွေပေးတဲ့အနုပညာကြေးလေးနဲ့ဒိန်းဒေါင်နဲ့ဟာသညီကိုမောင်နှမများအဖွဲ့မှလဲသာယာအေးကျောင်းတိုက်လေးမှာကထိန်ခင်းလှူဒါန်းခဲ့ပါသေးတယ်လို့သိရပါတယ်။အခုလိုကျွန်တော်တို့အလှူဟာပရိသတ်တွေရဲ့အလှူလဲဖြစ်တာကြောင့်သာဓုခေါ်ဆိုကြပါဆိုပြီးလဲပရိသတ်တွေကိုကုသိုလ်အလှူတွေမျှဝေလိုက်တာပဲဖြစ်ပါတယ်။ 

ဒိန်းဒေါင်ဟာလက်ရှိမှာလဲဘုရားတည်ခဲ့တာကြောင့်ပရိသတ်အနေနဲ့ချစ်ခင်လေးစားနေရတဲ့လူရွှင်တော်တစ်ဦးပဲဖြစ်ပါတယ်။သက်ကြီးရွှယ်အိုလူရွှင်တော်ကြီးများအတွက်နားခိုစေနိုင်ဖို့ဘိုးဘွားရိပ်သာကိုလဲဆောက်လုပ်လှူဒါန်းနေတာပဲဖြစ်ပါတယ်။ကုသိုလ်ရေးတွေမှာတက်ကြွစွာဦးဆောင်လှုပ်ရှားနေတဲ့ဒိန်းဒေါင်ရဲ့လှူဒါန်းမှုကုသိုလ်တွေကိုလဲပရိသတ်တွေသာဓုခေါ်လိုက်ကြပါအုန်းနော်။တန်ဆောင်တိုင်နိဗ္ဗာန်ဈေးမှာမိခင်နဲ့အတူကုသိုလ်ယူနေတဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ဒိန်းဒေါင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။