အူမာကိုအနိုင်ထိုးပြီးသံမဏိဂုဏ်ပုဒ်ပြန်ယူခဲ့တဲ့စိုးလင်းဦး

ပြီးခဲ့တဲ့ပွဲတွေမှာရလဒ်တွေမကောင်းခဲ့လို့နာမည်အနည်းငယ်

ကျနေတဲ့စိုးလင်းဦးဒီပွဲမှာသူ့ဂုဏ်သိက္ခာကိုပြန်ဆယ်ဖို့

ကြိုးစားလာခဲ့ပါတယ်။တေးသံရှင်ရိန်မိုးသူ့အတွက်

သီးသန့်သီဆိုသီဆိုပေးထားတဲ့သီချင်းအတူ

ပွဲထွက်လာတဲ့စိုးကြီးကိုပရိသတ်တွေတစ်ခဲနက်ကြိုဆိုခဲ့

ကြပါတယ်။စိုးလင်းဦးနဲ့ထိုးသတ်သူကတော့ယူဂန္ဓာ

နိုင်ငံသားအူမာဖြစ်ပါတယ်။သံမဏိစိုးလင်းဦးဆိုတဲ့

ဂုဏ်ပုဒ်ကိုဒီပွဲမှာပြန်ယူနိုင်မလား...

ပထမအချီစတယ်ဆိုကတည်းကစိုးလင်းဦး

တစ်ဟုန်ထိုးတိုက်စစ်ဆင်ခဲ့ပါတယ်။အူမာဟာစိုးလင်းဦးရဲ့

ထောက်လက်သီးတွေမိခဲ့ပြီးစိုးလင်းဦးခေါင်းတွေနဲ့ပြေးဝင်

တိုက်ချက်တွေကြောင့်အူမာကွဲသွားခဲ့ပါတယ်။စိုးလင်းဦးရဲ့နိုင်ပွဲဆာလောင်မှုတွေကိုအထင်းသား

တွေ့မြင်ခဲ့ရပြီးအူမာအနေနဲ့ကောင်တာတောင်ပြန်မထိုး

နိုင်ခဲ့ပါဘူး။

အူမာအနေနဲ့စိုးလင်းဦးတစ်ချက်တစ်ချက်ပြန်ကန်ခဲ့

ပေမယ့်စိုးလင်းဦးကိုတော့မထိခဲ့ပါဘူး။

စိုးလင်းဦးရဲ့ဒုံးကျည်လိုပြင်းထန်တဲ့ဖြောင့်လက်သီး

တစ်လုံးအူမာရဲ့ပါးချိပ်ကိုထိသွားခဲ့ပါတယ်။ပွဲသိမ်းလက်သီး

လို့ပြောလိုရတဲ့အဆိုပါလက်သီးချက်မိပြီးနောက်မှာ

အူမာအမှတ်စဉ်ရေခံရပြီးအရှုံးပေးခဲ့ရပါတယ်။

စိုးလင်းဦးအတွက်ဂုဏ်ယူစရာညလေးတစ်ညပေါ့။

Source -WLC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။