လက်ရှိမှာပရိသတ်တွေစိတ်ဝင်စားရေးပန်းစားနေတဲ့ရုပ်ရှင်ဇာတ်ကားကြီးကတော့"တာတေကြီး"ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးကိုဒါရိုက်တာဝိုင်းကရိုက်ကူးထားတာဖြစ်ပြီးပရိသတ်အချစ်တော်နေတိုးကအဓိကဇာတ်ကောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။တာတေကြီးဇာတ်ကားဟာသရဲကားတစ်ကားဖြစ်သလိုသရုပ်ဆောင်နေတိုးရဲ့မိန်းကလေးလိုဝတ်ဆင်ပြီးရိုက်ကူးထားတဲ့ရိုက်ကွင်းပေါ်ကပုံရိပ်တွေဟာလူမှုကွန်ယက်ဆိုရှယ်မီဒီယာတွေမှာပျံနှံ့ခဲ့တာကလည်းပရိသတ်တွေစိတ်ဝင်စားမှုပိုတိုးလာစေခဲ့တာပဲဖြစ်ပါတယ်။

တာတေကြီးဇာတ်ကားနဲ့ပတ်သတ်ပြီးရိုက်ကူးသူဒါရိုက်တာဝိုင်းမှလဲပွင့်ပွင့်လင်းလင်းနဲ့ပရိသတ်တွေကိုဝန်ခံအသိပေးလိုက်ပါတယ်။အဲ့ဒါကတော့တာတေကြီးရုပ်ရှင်ဇာတ်ကားဟာအိန္ဒိယရုပ်ရှင်Kanchanaကိုမှီးငြမ်းရိုက်ကူးထားတာဖြစ်တယ်လို့ဆိုပါတယ်။ယခုလိုပွင့်လင်းစွာဝန်ခံတာဟာဒီဇာတ်ကားကြီးကိုကြည့်ရှု့မယ့်ပရိသတ်တွေလာရောက်ကြည့်ရှု့အားပေးချိန်မှာကြည့်ပြီးသားကားကြီးဆိုတာမျိုးနဲ့စိတ်ပျက်သွားတာမျိုးမဖြစ်စေဖို့နဲ့ကော်ပီကားမကြည့်ချင်တဲ့ပရိသတ်တွေကိုရွေးချယ်ပိုင်ခွင့်ရှိအောင်ကြိုတင်အသိပေးပြောပြတာပါလို့ဆိုပါတယ်။

ကော်ပီကားဆိုပေမယ့်ဇာတ်ကားတစ်ကားလုံးကိုအကောင်းဆုံးအကုန်ချခံအပင်ပန်းခံပြီးရိုက်ကူးထားတာဖြစ်တယ်လို့ဆိုပါတယ်။ဒီဇာတ်ကားလေးမှာပရိသတ်တွေအတွက်ဗဟုသုတရစေမယ့်ဇာတ်ဝင်ခန်းလေးတွေကိုအကောင်းဆုံးကြိုးစားပုံဖော်ထားပါတယ်လို့သိရပါတယ်။လက်ရှိမှာဖြစ်ပျက်နေတဲ့မိန်းမလျာတွေရဲ့ဖိနှိပ်ခံရမှုတွေကိုလဲပညာပေးအနေနဲ့ကြိုးစားရိုက်ကူးထားပါတယ်လို့ဆိုပါတယ်။ပရိသတ်တွေအရမ်းကိုစိတ်ဝင်စားမှုများနေတဲ့"တာတေကြီး"ရုပ်ရှင်ဇာတ်ကားကြီးကိုနိုဝင်ဘာ၁၇ရက်နေ့မှာကြည့်ရှုခံစားရတော့မှာပဲဖြစ်ပါတယ်။မင်းသားချောနေတိုးရဲ့ထူးခြားတဲ့သရုပ်ဆောင်ချက်တွေနဲ့တာတေကြီးရုပ်ရှင်ကားကြီးဟာပရိသတ်တွေအကြိုက်နဲ့ထပ်တူကျမယ့်လို့မျှော်လင့်ပါတယ်။

သတင်းအရင်းအမြစ် - ဒါရိုက်တာဝိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။