သူကွဲကိုယ်ကွဲစောငမန်းတို့ရဲ့ပွဲ


တစ်ကျော့ပြန်လက်ဝှေ့သမားစောငမန်းနဲ့

အက်ဒီဖာရယ်တို့ရဲ့ပွဲကလည်းနှစ်ယောက်စလုံး

အလဲလဲအကွဲကွဲပါပဲ။ဒီပွဲမစခင်ကစောငမန်းအနေနဲ့

သက်လုံကပွဲချိန်ပြည့်ထိုးသတ်နိုင်မလားဆိုပြီး

ပရိသတ်တွေစိတ်ပူခဲ့ကြပေမယ့်ပွဲထိုးသတ်တဲ့အချိန်မှာ

စောငမန်းသက်လုံမကျဘဲထိုးသတ်သွားနိုင်ပါတယ်။

စောငမန်းနဲ့ထိုးသတ်တဲ့အက်ဒီဖာရယ်ကတော့

မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားအသည်းကောင်းတဲ့

လက်ဝှေ့သမားပါ။

အရပ်အမောင်းကွာဟမှုကတော့ဖာရယ်နဲ့စောငမန်းကြား

တော်တော်ခြားနားတယ်လို့ပြောလို့ရပါတယ်။ဒါပေမယ့်

စောငမန်းဒီခြားနားချက်ကိုကြိုတင်ပြင်ဆင်ခဲ့ပြီး

ခေါင်းတိုက်ချက်တွေနဲ့ဖာရယ်ကိုရင်ဆိုင်ခဲ့ပါတယ်။

စောငမန်းရဲ့ဗျူဟာအလုပ်ဖြစ်ခဲ့ပြီးဖာရယ်အနေနဲ့

စောငမန်းရဲ့ခေါင်းတိုက်ချက်တွေကြောင့်အထိနာခဲ့ပြီး

ပွဲစပြီးမကြာခင်မှာပဲကွဲခဲ့ပါတယ်။ဒါပေမယ့်

ဖာရယ်ကလည်းစောငမန်းကိုသူအားသန်တဲ့

ခြေကန်ချက်တွေနဲ့ပြန်လည်ရင်ဆိုင်ခဲ့ပါတယ်။

နှစ်ယောက်စလုံးတစ်ယောက်ကိုယ်တစ်ယောက်

အလဲထိုးချင်တာကြောင့်ပွဲဟာအလွန်တရာမှကိုအကြိတ်

အနယ်ရှိခဲ့ပါတယ်။ဒီပွဲမှာစောငမန်းသူ့ရဲ့သမ္ဘာကိုပြသွားပြီး

ပွဲကိုအကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။အက်ဒီဖာရယ်

အနေနဲ့ဇမသေးဘူးဆိုပေမယ့်စောငမန်းနဲ့့ယှဉ်လိုက်ရတဲ့အခါ

အတွေ့အကြုံပိုင်းလိုအပ်ချက်တွေရှိနေဆဲပါ။အချီတိုင်းလိုလို

အကြိတ်အနယ်ထိုးသတ်ခဲ့ပြီးငါးချီပြည့်ထိုးသတ်ခဲ့ကာ

စောငမန်းကအမှတ်နဲ့အနိုင်ရသွားပါတယ်။

Source -WLC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။