ပရိသတ်အချစ်တော်မင်းသားချောကျော်ကျော်ဟာညီမဖြစ်သူမင်္ဂလာပွဲလေးမှာပီတိအပြုံးတွေနဲ့ဂုဏ်ယူမဆုံးဖြစ်နေတဲ့အကိုတစ်ယောက်ရဲ့ပုံရိပ်တွေကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ကျော်ကျော်ရဲ့ချစ်ရတဲ့ညီမလေးရွှန်းလဲ့လဲ့ဝေဟာနိုဝင်ဘာ၄ရက်နေ့မနေ့ကYangon Novotal Max ဟိုတယ်မှာမင်္ဂလာပွဲလေးကျင်းပခဲ့တာပဲဖြစ်ပါတယ်။မင်္ဂလာပွဲလေးကိုပရိသတ်အချစ်တော်အနုပညာရှင်ညီကိုမောင်နှမများစွားလဲတက်ရောက်ဂုဏ်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။အကိုကြီးတော့အဖရာဆိုတဲ့အတိုင်းကျော်ကျော်ဟာညီမလေးရဲ့မင်္ဂလာပွဲလေးမှာဦးဆောင်စီစဉ်ခဲ့ပြီးဂုဏ်ယူမဆုံးဖြစ်နေတဲ့ညီမလေးရဲ့မင်္ဂလာပွဲမှအမှတ်တရပုံရိပ်လေးတွေကိုလဲသူရဲ့လူမှုကွန်ယက်မှာဝေထားတာပဲဖြစ်ပါတယ်။ 

ကျော်ကျော်ဟာ"ငယ်ငယ်လေးတည်းကကိုယ်နဲ့တူတူနေတူတူကစားချီပိုးပြီးးကျောင်းတွေလိုက်ပို့ကိုယ်ပဲသူ့ကိုထိန်းလာခဲ့ရတာသူအိမ်ထောင်ကျတော့မယ်ဆိုမှညီမလေးတောင်အရွယ်ရောက်နေပီပဲဆိုတဲ့အသိဝင်မိတယ်"လို့ဆိုပါတယ်။ ချစ်ရတဲ့ညီမလေးဘဝတစ်လျှောက်လုံး သာယာပျော်ရွှင်သောအိမ်ထောင်သည်ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့အကိုကြီးတစ်ယောက်အနေနဲ့ဆုမွန်ကောင်းတောင်းပေးထားတာကိုလဲကြည်နူးဖွယ်ကြားသိရပါတယ်။ညီမလေးရဲ့မင်္ဂလာပွဲလေးကိုတက်ရောက်ဂုဏ်ပြုပေးခဲ့ကြတဲ့သူငယ်ချင်းများအနုပညာရှင်ညီကိုမောင်မများမိတ်ဆွေများအားလုံးကိုလဲကျေးဇူးအထူးတင်ရှိပါတယ်လို့ဆိုပါတယ်။

ချစ်သူငယ်ချင်းများမှလဲခုလိုနောက်ကားကျော်တက်ခြင်းခံလိုက်ရတဲ့အကိုကြီးကျော်ကျော်ကိုလဲအမြန်ဆုံးစွံပါလို့ဆုတောင်းပေးကြတာကိုလဲပျော်ရွှင်ဖွယ်တွေ့မြင်ရတာပဲဖြစ်ပါတယ်။အကိုတစ်ယောက်ရဲ့ညီမအပေါ်ထားတဲ့ချစ်တဲ့စိတ်နဲ့မင်္ဂလာပွဲလေးမှာပျော်ရွှင်ဂုဏ်ယူမဆုံးဖြစ်နေတဲ့သူကတော့အကိုကြီးကျော်ကျော်ပဲဖြစ်ပါတယ်။ကျော်ကျော်ရဲ့ချစ်ရတဲ့ညီမလေးမင်္ဂလာပွဲမှအမှတ်တရပုံရိပ်လေးတွေနဲ့တက်ရောက်လာကြတဲ့အနုပညာရှင်ညီကိုမောင်နှမများရဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ကျော်ကျော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။