အနုပညာလောကရဲ့ လူသိများကျော်ကြားပြီး ပရိသတ်စိတ်ဝင်စားခြင်းခံရသူတွေထဲမှာ ရွှေမှုန်ရတီ နဲ့ ငွေမှုန်ရတီတို့ ညီအမနှစ်ဦးလည်း ပါဝင်ပါတယ်။ အသက်အရွယ် သိပ်မကွာတဲ့ ညီအမနှစ်ယောက်ဟာ အနုပညာလောကမှာ နေရာတစ်ခုစီရရှိထားပြီး အောင်မြင်နေတဲ့ မင်းသမီးတွေအဖြစ် ရပ်တည်လို့နေကြပါတယ်။ 

ယခုလတ်တလော လူမှုစာမျက်နှာပေါ်မှာတော့ ညီမဖြစ်သူ ငွေမှုန်ရတီနဲ့ သူငယ်ချင်းအတွက် နောက်ဆုံးထွက်ရှိထားတဲ့ iPhone X ဝယ်ပေးလိုက်တဲ့ သတင်းကတော့ ပရိသတ်တွေကြား အားကျစရာ ဖြစ်လို့နေပါတယ်။ ညီမငယ်တွေက သူတို့ရဲ့ အမတွေကို tag တွဲပြီး ဝယ်ပေးခိုင်းတာတွေလည်း တွေ့မြင်နေရပါတယ်။ ငွေမှုန်ကတော့ ယခုလို လက်ဆောင်ရလို့ ပျော်နေပြီး အမဖြစ်သူ ရွှေမှုန်ကို ကျေးဇူးတင်ကြောင်း ယခုလို သူ့ရဲ့ လူမှုစာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

"OMG Thank Q so much Thal Shwe Mhone Yati ပျော်လိုက်တာ မထင်ထားဘူး ၃ ယောက်ဆင်တူလေးတွေ Nan San Moil XXX" ဆိုပြီး ရေးသားထားပါတယ် ပရိသတ်ကြီးရေ။ လက်ရှိကာလ ပေါက်စျေးအနေနဲ့ iPhone X တစ်လုံးရဲ့ တန်ဖိုးဟာ မြန်မာငွေ သိန်း ၂၀ နဲ့အထက် ရှိတယ်လို့လည်း သိရပါတယ် ပရိသတ်ကြီးရေ.....

Source: Ngwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။