သရုပ်ဆောင်ညီထွဋ်ခေါင်ဟာ နို၀င်ဘာလ (၅) ရက်နေ့မှာ လူဘဝမှ မြင့်မြတ်တဲ့ရဟန်းဘဝကို ခံယူခဲ့ပါတယ်။ရန်ကုန်မြို့၊မှော်ဘီမြို့နယ်ရှိ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာမှာ အေးအေးချမ်းချမ်းရဟန်းပြုခဲ့တာလဲဖြစ်ပါတယ်။

သရုပ်ဆောင်ညီထွဋ်ရဲ့ ရဟန်းပြုရာသို့ သူရဲ့အနုပညာမောင်နှမတွေဖြစ်တဲ့ သွန်းဆက်၊ဆုအိမ့်စံ၊သူရိယနဲ့ ဇော်ဇော်အောင်တို့လဲ လာရောက်ခဲ့ပါတယ်။သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ ရဟန်းဘွဲ့နာမည်ကတော့ ဦးပဥ္ဖင်းရှင်နန္ဒမာလာ ဆိုတဲ့အမည်ပဲဖြစ်ပါတယ်။

သရုပ်ဆောင်ညီထွဋ်ခေါင်ကတော ့သရုပ်ဆောင်ဘဝမှ ခဏတာအနားယူူပြီး အေးချမ်းတဲ့ ဿသနာဘောင်မှာတရားအားထုတ်နေပါပြီ။သူဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူလဲဖြစ်ပါတယ်။သူကိုအားပေးတဲ့ပရိသတ်တွေကတော့ သာဓုခေါ်နေကြပြီး ချီုးကျူးပြောဆိုနေတာလဲ တွေ့ရပါတယ်။

source - nyi htut khaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။