အချို့သောပရိသတ်တွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေကိုအကောင်းမြင်စိတ်လေးနဲ့အကောင်းဆုံးတုန့်ပြန်ခဲ့တဲ့ညီညီမောင်(စမ်းချောင်း)ဟာပရိသတ်တွေရဲ့အချစ်တွေပိုင်ထားပြီးလက်တလောမှာရေပန်းစားနာမည်ကြီးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ညီညီမောင်စမ်းချောင်းခေါ်ပရိသတ်အချစ်တော်သုသုဟာနှစ်စဉ်နှစ်တိုင်းတန်ဆောင်တိုင်ဆိုရင်နိဗ္ဗာန်ဈေးစတုဒိသာအလှူလေးလုပ်ဖြစ်ပါတယ်လို့ဆိုပါတယ်။ဒီနှစ်တိုင်ဆောင်တိုင်နိဗ္ဗာန်ဈေးပွဲတော်လေးမှာလဲစတုဒိသာအလှူလေးလုပ်ဖြစ်တယ်လို့သိရပါတယ်။စတုဒီသာအလှူလေးကိုသူမရဲ့ချစ်ရတဲ့ပါရမီဖြည့်ဖက်ကိုကြီးနဲ့အတူူတူလှူဒါန်းဒါနပြုခဲ့ကြတာဖြစ်ပြီးသုသုကိုချစ်တဲ့ပရိသတ်တွေအများကြီးလာရောက်ဒါနမြောက်အောင်သုံးဆောင်ပေးခဲ့ကြတာကိုလဲကြည်နူးဖွယ်တွေ့ရတာပဲဖြစ်ပါတယ်။

စမ်းချောင်းမြို့နယ်,ညောင်တုန်းလမ်းမှာရှိတဲ့သူမရဲ့မိတ်ကပ်ညီညီမောင်(စမ်းချောင်း)ဆိုင်အရှေ့လေးမှာပဲညောင်တုန်းလမ်းမိသားစုနိဗ္ဗာန်ဈေးလေးမှာလှူဒါန်းကုသိုလ်ပြုခဲ့တာဖြစ်ပါတယ်။ကြာဇံချက်စတုဒီသာအလှူလေးပြုလုပ်ခဲ့တာဖြစ်ပြီးလာရောက်သုံးဆောင်မယ့်ချစ်ပရိသတ်တွေအတွက်သုသုကိုယ်ကိုင်အပင်ပန်းခံပြီးရှယ်ချက်ပေးခဲ့တာပဲဖြစ်ပါတယ်။သုသုတို့ရဲ့စတုဒီသာအလှူလေးကိုဒါနမြောက်အောင်လာရောက်ကုသိုလ်ဖြည့်ပေးတဲ့ကောင်မလေးချောချောလေးတစ်ယောက်လဲရှိပါသေးတယ်။သူမကတော့ပရိသတ်အချစ်တော်မျိုးကိုကိုစန်းပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲ"ပါးပါးစိုးရာဇာနဲ့ မားမားသုသုတို့ ဇနီးမောင်နှံရဲ့ကြာဇံဟင်းစတုဒီသာလာစားတာ"ဆိုတဲ့စာလေးနဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲမျှဝေထားတာပဲဖြစ်ပါတယ်။

ပျော်စရာကောင်းတဲ့နိဗ္ဗာန်ဈေးပွဲတော်လေးမှာသုသုတစ်ယောက်အရမ်းကိုလှနေတာပဲဖြစ်ပါတယ်။ချစ်ရတဲ့ကိုကြီးစိုးရာဇာနဲ့အတူယောဝမ်းဆက်လေးဆင်တူဝတ်ပြီးနှင်းဆီပန်းအနီလေးကိုပန်ဆင်ထားတဲ့သုသုတို့ရဲ့ချစ်စရာစုံတွဲပုံရိပ်လေးကိုလဲသူမရဲ့လူမှုကွန်ယက်ကနေမျှဝေထားတာပဲဖြစ်ပါတယ်။သုသုဟာသူမရဲ့ချစ်ရတဲ့ကိုကြီးကလှလာတယ်ပြောလို့လဲအရမ်းကိုပျော်နေပုံရပါတယ်။သုသုတို့ရဲ့ပျော်ရွှင်ကြည်နူးဖွယ်ပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်တွေလဲထပ်တူထပ်မျှကြည်နူးပျော်ရွှင်ရမယ်လို့မျှော်လင့်ပါတယ်။

သတင်းအရင်းအမြစ် - ညီညီမောင်(စမ်းချောင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။