အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းမင်းသားတွေထဲက တစ်လက်ဖြစ်တဲ့ ပြေတီဦး ကတော့ ယခုလတ်တလော သီဟနိုင် ဇာတ်ကောင်နဲ့ တွဲဖက်လို့ နာမည်ကြီးနေပါတယ်။ ခေတ်အဆက်ဆက် မင်းသားတွေငြင်းခဲ့ကြတဲ့ ကာရိုက်တာကို ဇနီးသည် အူဝဲအတွက် လက်ခံရိုက်ကူးပေးခဲ့တဲ့ ဒီဇာတ်ကားဟာ သူတို့ဇနီးမောင်နှံအတွက် နောက်ထပ်အကယ်ဒမီရရှိနိုင်စေမယ်ဆိုပြီး ပရိသတ်တွေက ထင်ကြေးပေးနေကြပါတယ်။ 

ပြေတီဦးကတော့ "ရင်ဘတ်ထဲကဓား" ဇာတ်ကားကို ကိုယ်တိုင်သွားကြည့်ဖြစ်ခဲ့ပြီး ရုံထဲမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ချို့ကို သူ့ရဲ့ လူမှုစာမျက်နှာကနေ တဆင့် ပြန်လည်ပြောပြထားပါတယ်။ 

"" ဓား "ကို ရုံမတင်ခင်က အကြိမ်ပေါင်းများစွာ အလွတ်ရတဲ့အထိကြည့်ခဲ့ရတယ်..

ရုံတင်ပြီလည်းဆိုရော ပုပ္ပါးကိုကားရိုက် ရောက်နေလို့

မကြည့်ရဘူး...ပရိသတ်နဲ့တူတူကြည့်ချင်လို့ပုပ္ပါးကပြန် ရောက်ရောက်ချင်းမနေ့က ည ၉ : ၃၀ ပွဲ ရှေ့ဆောင်မှာ

သွားကြည့်တယ်....ဘာတွေများ ကြားရမလဲပေါ့....

အမလေး တရုံလုံးက ပရိသတ်တွေက အဝေးကို သနားပြီး

အဝေး ဘက်ကနေ သီဟနိုင်နဲ့ ရန်ဖြစ်နေကြတာကိုး...

အမယ်...အမယ်...ဒင်းကများ.....

ဟယ်..ကြည့်စမ်း....

ဟာ...ဒါတော့တော်တော်လွန်သွားပြီ....

ထောပနာပြုနေကြတဲ့အသံတွေစုံလို့ပေါ့....

ပြေတီဦးတို့ ဇာတာတက်နေတာလေ...

သူတို့ဘေးနားက ပလတ်စတစ် ခုံလေးနဲ့ ထိုင်ကြည့်နေတာ

သီဟနိုင်ဆိုတာများ သိရင်ထတောင်ရိုက်မလားမသိပါဘူး..

ကြောက်ကြောက်နဲ့ ပလတ်စတစ်ခုံလေးပေါ်မှာ ကျုံ့ကျုံ့လေး ထိုင်နေတုန်း ကောင်မလေးနှစ်ယောက်

ဘေးနားရောက်လာတယ်..ကိုယ်လည်းကြောက်တာနဲ့မော့မကြည့်ရဲပါဘူး...ဘာများဖြစ်လို့လဲပေါ့..အဲဒီအချိန် ကောင်မလေးနှစ်ယောက်က ကိုယ့်ကိုမေးလိုက်တယ်...

" ဒီမှာ..ဒီမှာ...အိမ်သာဘယ်မှာလည်းတဲ့..."

ေဩာ် အပေါက်စောင့်တဲ့သူထင်ပြီးလာမေးတာကိုး...

ကျွန်တော်လည်းသေချာလမ်းညွှန်ပေးလိုက်ပါတယ်...

ကဲ..ဇာတာတက်နေပုံများ...ပြောကိုမပြောချင်တော့ပါဘူး.."

ဆိုပြီး ဇာတာတွေတက်နေပုံကို ပြောပြထားပါတယ်။ ကဲ လာမည့်အကယ်ဒမီမှာ သီဟနိုင်နဲ့ အဝေး တို့အတွက် အကယ်ဒမီရင်ခုန်သံတွေ ဆူညံနေကြမယ်လို့ ထင်ပါတယ် ပရိသတ်ကြီးရေ။

Source: Pyay Ti Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။