အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxer (ထက်ထက်) တို့နှစ်ယောက်ကတော့ ချစ်သူတွေလဲ ဖြစ်ကြသလို အောင်မြင်ကြတာချင်းလဲအတူတူပါပဲ။ ချစ်သူသက်တမ်းလဲကြာနေပြီဖြစ်သလို သီ ချင်းခွေတွေလဲ အများအပြားထွက်ရှိထားပြီး အောင်မြင်မှုတွေကိုယ်စီကိုလည်း ရရှိထားပြီး ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ Rapper စုံတွဲဖြစ်ပါတယ်။ လွှမ်းပိုင်နဲ့ ထက်ထက်ဆိုတာ အမြဲတမ်းအတွဲညီတဲ့ ချစ်သူတွေလည်းဖြစ်သလို အဆိုတော်တွေလဲဖြစ်ပါတယ်။

ဂီတလောကမှာအောင်မြင်မှုတွေရရှိပြီးနောက်ပိုင်း စီးပွာအသစ်တစ်ခုကို ထပ်မံချဲ့ထွင် လိုက်ပါတယ်။ ဒါကတော့ နှစ်ယောက်အတူတူဖွင့်လှစ်တော့မယ် High Skool ဆိုတဲ့ အင်္ ကျ ီဆိုင်လေးပဲဖြစ်ပါတယ်။ ဒီဆိုင်လေးမှာရရှိနိုင်မယ့် အင်္ကျ ီအမျိုးအစားတွေကတော့ Men/Women Street wear Clothing လေးတွေပဲဖြစ်ပါတယ်။ လူငယ်တွေဖွင့်တဲ့ဆိုင်ဖြစ်လို့ လူငယ်အကြိုက်တွေအများအပြားရှိနေမှာ သေချာပါတယ်။ ဆိုင်ရဲ့တည်နေရာကတော့ ကျိုက္ကဆံလမ်း၊ အမှတ် ၁၃၀ (အ.ထ.က (၄) ကျောင်းရှေ့)၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ဖြစ် ပါတယ်။ ပရိတ်သတ်ကြီးလမ်းကြုံရင် ဝင်ရောက်အားပေးလိုက်ပါဦးနော်။

နိုဝင်ဘာလထဲမှာပဲဖွင့်လှစ်မှာဖြစ်ပြီး ရက်ကိုတော့အတိအကျပြောထားခြင်းမရှိသေးပါ ဘူး။ ဆိုင်ရဲ့အတွင်းအပြင် အနေအထား Decoration တွေ ပြင်ဆင်နေတာဖြစ်ပြီး အခုဆိုပြီးခါနီး ဖြစ်နေပါပြီတဲ့ ပရိတ်သတ်ကြီးရေ။ High Skool ဆိုင်လေးဖွင့်မယ့်ရက်ကို ပြန်လည်ကြေညာပေး မယ်လို့လဲ အဆိုတော်လွှမ်းပိုင်က သူ့ရဲ့ Facebook Account မှာ ပြောထားပါသေးတယ်။ ဆိုင်ဖွင့်ရင်လာခဲ့ပါလို့လည်း ပရိတ်သတ်တွေကို ဖိတ်ခေါ်ထားပါသေးတယ်။ ပရိတ်သတ်ကြီး လဲ လွှမ်းပိုင်နဲ့ Bobby Soxer (ထက်ထက်) တို့ရဲ့ နှစ်ဦးတူစီးပွားလေးကို လမ်းကြုံတဲ့အခါ ဝင်ရောက်အားပေးလိုက်ပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။