ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသားချော စည်ဖြိုးဟာ မဟာဘုံကထိန်ခင်းပြီး တစ်နေ့လုံးလှူဒါန်းမှုများကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။ ကွယ်လွန်သွားတဲ့ အဒေါ်ဖြစ်သူ အကြားအမြင်ဆရာမကြီး ဒေါ်ဆွေဆွေဝင်း(ခ)အီးတီ အတွက် ရည်စူးပြီး လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။ အောက်တိုဘာ(၃)ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့က ပုသိမ်တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်မှာ လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။ တကယ့်ကို မွန်မြတ်တဲ့ အလှူဒါနများစွာကို အခုလို ပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

မနက်ပိုင်းမှာ မဟာဘုံ ကထိန်ခင်းပြီး သံဃာတော်များကို ဆွမ်းများ ဆပ်ကပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။ နေ့လည်ပိုင်းမှာတော့ ပုသိမ်စစ်ဆေးရုံကြီးမှာ အသက်ကယ်နှလုံးနိုးစက်၊ အောက်စီဂျင်ပေးစက်၊ ချွဲစုပ်စက်၊ ဆေးရေချိန်ညှိစက်များနှင့် အခြားလိုအပ်သည့် ဆေးဝါးစက်ပစ္စည်းများလှူဒါန်းခဲ့ပါတယ်..။ ထို့ပြင် ပေါ်ပေါက်လာတဲ့ လှူဒါန်းကျွေးမွေးချင်စိတ်ကြောင့် ဆေးရုံရှိ လူနာများအတွက် နေ့လည်စာ အာဟာရကိုပါ ကျွေးမွေး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။ ညပိုင်းမှာလည်း သက်ကြီးဘိုးဘွားများနှင့် မိဘမဲ့ကလေးများကို ညနေစာ အာဟာရများ ကျွေးမွေးလှူဒါန်းခဲ့ပြီး အလှူငွေများလည်း ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

သရုပ်ဆောင်စည်ဖြိုးဟာ မကြာခဏဆိုသလို လှူဒါန်းမှုများကို ပြုလုပ်လေ့ရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ဆက်တိုက်ဆိုသလို လှူဒါန်းခဲ့တာ တွေ့ရပါတယ်..။ စည်ဖြိုးဟာ ကျရာကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အတွ့် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်..။ လတ်တလောအနုပညာလှုပ်ရျားမှုတွေအနေနဲ့ကတော့ အခမ်းအနားပွဲများ တတ်ရောက်နေပြီး ကြော်ငြာများ ရိုက်ကူးနေတယ်လို့ သိရပါတယ်..။ ဇာတ်ကားများလည်း ရိုက်ကူးနေပြီး “ကလေးထိန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။