နေပြည်တော်မှာ ဆိုင်ခွဲသစ်ဖွင့်လှစ်လိုက်တဲ့ နာမည်ကြီးစိန်ရွှေရတနာဆိုင်ဖြစ်တဲ့ ရွှေနန်းတော်ဟာ အနုပညာရှင်များစွာကို ဖိတ်ကြားထားတာဖြစ်ပါတယ်။

တခမ်းတနားကျင်းပတဲ့ ဆိုင်ဖွင့်ပွဲကို နာမည်ကြီးအနုပညာရှင်များစွာ တက်ရောက်ချီးမြင့်ခဲ့ပြီး အမှတ်တရဓာတ်ပုံများစွာလည်း လူမှုကွန်ရက်ပေါ်ထိ ထွက်ပေါ်လာပါတယ်။

နာမည်ကြီးဆယ်လီတွေဖြစ်တဲ့ အူဝဲ ၊ ပြေတီဦး ၊ မြင့်မြတ် ၊ အေးဝတ်ရည်သောင်း ၊ဇေရဲထက် ယွန်းယွန်းတို့အပြင် တခြားသောနာမည်ကျော်သရုပ်ဆောင်မော်ဒယ်များလည်း အလန်းစားဖက်ရှင်ကိုယ်စီနဲ့ တက်ရောက်လာကြပါတယ်။

(၃)ရက်နဲ့ (၄)ရက်မြောက်နေ့မှာတော့ သရုပ်ဆောင် မြင့်မြတ် နဲ့ မအေးသောင်းတို့နှစ်ဦးက အစီစဉ်တွေလက်ခံကျင်းပပေးခဲ့သလို ဇေရဲထက်နဲ့ ချစ်စရာကလေးသရုပ်ဆောင် ယွန်းယွန်း တို့က တက်ရောက်ချီးမြှင့်ပြီး အမှတ်တရပုံရိပ်တွေဖန်တီးခဲ့ပါတယ်။

အခမ်းနားမှုးအဖြစ် မော်ဒယ်မိခင်ကြီး တင်မိုးလွင်က စီစဉ်တင်ဆက်သလို ယွန်းယွန်းကတော့ အားလုံးထဲမှာ အငယ်ဆုံးအလန်းဆုံးလေးဖြစ်ကာ လှသွေးကြွယ်နေပါတယ်။

ဘယ်သူဖက်ရှင်ကို အကြုုိက်ဆုံးလဲ ပရိသတ်ကြီး ။ 

Source :ForeverGems

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။